အောင်လအန်ဆန်ကို စိန်ခေါ်လိုက်တဲ့ ရှူံးပွဲမရှိကစားသမား De Ridder

yyl-042-1.jpg

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၇ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာကျင်းပတဲ့ ONE: WARRIOR’S CODE ပြိုင်ပွဲဟာ ထူးခြားချက် ပေါင်းများစွာနဲ့ အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့ပါတယ်။ တွဲဆိုင်း ၁၁ ဆိုင်းနဲ့ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲဟာ ပရိသတ်အကြိုက် ရသပေါင်းစုံ ပေးစွမ်းနိုင်ခဲ့ပြီး အထူးခြားဆုံး အချက် ၂ ချက် ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအချက်က ပထမဆုံးအကြိမ်ပေးအပ်တဲ့ ONE ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံအဖြစ် နာမည်ကျော် မွေထိုင်းအားကစားသမား Petchmorakot Petchyindee Academy က ရပ်တည်နိုင်ခဲ့သလို ဒုတိယခေါင်တွဲဆိုင်းအဖြစ် ထိုးသတ်တဲ့ပွဲမှာ ဘရာဇီးလ်အားကစားသမား Leandro “Wolf” Ataides ကို အမှတ်နဲ့အနိုင်ရခဲ့တဲ့ နယ်သာ လန်အားကစားသမား Reinier “The Dutch Knight” De Ridder က ONE Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ “မြန်မာ့စ ပါးအုံး” အောင်လအန်ဆန် ရဲ့စိန်ခေါ်သူအဆင့်ကို တက်လှမ်းလာတဲ့ အချက်တွေပါပဲ။

Ataides နဲ့ De Ridder တို့ပွဲက ဒုတိယခေါင်တွဲဆိုင်းဖြစ်ပေမယ့်လည်း အဓိကခေါင်တွဲဆိုင်းဖြစ်တဲ့ ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီ ယံတွဲဆိုင်းထက်တောင် ပရိသတ်စိတ်ဝင်စားမှု ဒီရေက ပိုမိုမြင့်တက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အနိုင်ရတဲ့သူက ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ရဲ့စိန်ခေါ်သူအဆင့်ကို ရောက်ရှိလာမှာဖြစ်လို့ပါပဲ။ နှစ်ယောက်စလုံးက နိုင်ပွဲကိုယ်စီ ရယူထားသူတွေဖြစ်တာကြောင့် အနိုင်ရသူဟာ ကမ္ဘာ့ချန်ပီယံအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ခွင့်ရရှိ နိုင်မှာပါ။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့တွဲဆိုင်းက စိတ်ဝင်စားစရာကောင်းခဲ့ပြီး အချီပြည့်တဲ့အထိ အရှုံးအနိုင် ပြတ်ပြတ်သားသားမပေါ် ခဲ့ပေမယ့်လည်း အမှတ်ပေးဒိုင်လူကြီး ၃ ဦးစလုံးက အသက် ၂၉ နှစ်အရွယ် De Ridder ကို အနိုင်ပေးခဲ့ပါတယ်။

ဒါဟာ နယ်သာလန်အားကစားသမားအတွက် ကစားသမားဘဝတစ်လျှောက် ယှဉ်ပြိုင်ထိုးသတ်သမျှ ၁၂ ပွဲစလုံး အနိုင်ရရှိမှုအဖြစ် မှတ် တမ်းဝင်ခဲ့ပြီး ဒီစံချိန်က တော်ရုံအားကစားသမားမျိုး မလုပ်ဆောင်နိုင်တဲ့ ထူးခြားစံချိန်တစ်ခုလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကို စိန်ခေါ်ယှဉ်ပြိုင်ခွင့်ရမယ့်ပွဲမှာ De Ridder ဟာ နောက်ဆုံး ၃ ပွဲဆက်တိုက် အနိုင်ရထား တဲ့ Ataides ကို သိသိသာသာ အသာစီးရတာမျိုး မရှိခဲ့ပါဘူး။ ပထမအချီမှာ သူဟာ ထောက်လက်သီးတွေသုံးကာ မြေပြင်ချုပ်ကွက် နည်းဗျူဟာရဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဘရာဇီးလ်အားကစားသမားက အချုပ်မခံခဲ့ပါဘူး။ ဒုတိယအချီမှာ နှစ်ယောက်စလုံး လက်သီး ထိုးချက်တွေ အပြိုင်ဖလှယ်ခဲ့သလို Ataides က သူ့ရဲ့ဗျူဟာဖြစ်တဲ့ ခြေထောက်တစ်ဖက်ကို မြှောက်ကာ ခုန်ထိုး၊ ခုန်ကန်တာတွေ တောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အမှတ်နဲ့ဆုံးဖြတ်ရာမှာတော့ De Ridder က အနိုင်ရသွားခဲ့ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ရဲ့ချန်ပီ ယံခါးပတ်အတွက် စိန်ခေါ်သူအဆင့်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ Ataides နဲ့ ပွဲအပြီးမှာ De Ridder က ကြိုးဝိုင်းအတွင်း အောင်ပွဲခံခဲ့ ပြီး မြန်မာအားကစားသူရဲကောင်းကို သူနဲ့ထိုးသတ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလားလို့ စိန်ခေါ်ခဲ့ပါတယ်။ ဒါ့အပြင် De Ridder က အောင်လအန်ဆန်ကို ချန်ပီယံတစ်ယောက်ဖြစ်တာကြောင့် ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် နေရာရွေးချယ်ခွင့်၊ ရက်သတ်မှတ်ခွင့်၊ အချိန်သတ် မှတ်ခွင့်တွေအတွက် ထိုက်တန်တယ်လို့ဆိုခဲ့ပြီး ချန်ပီယံခါးပတ်ကို ရယူနိုင်ဖို့အတွက် သူ ချီတက်လာပြီလို့ ဝံ့ကြွားခဲ့ပါတယ်။ ၁၂ ပွဲဆက် တိုက်အနိုင်ရထားတဲ့ De Ridder ရဲ့စံချိန်က အားကစားသမားတိုင်း လုပ်ဆောင်နိုင်ဖို့ခက်ခဲတဲ့ အရာတစ်ခုပါ။

သူ့ရဲ့နိုင်ပွဲ ၁၂ ပွဲကို လေ့လာကြည့်မယ်ဆိုရင် ၈ ပွဲက ချုပ်ကွက်နဲ့အနိုင်ရထားတာဖြစ်သလို ၃ ပွဲက လက်သီး၊ ဒူးတိုက်ချက်တို့နဲ့ ဒိုင်ပွဲရပ် ဒါမှမဟုတ် အလဲထိုးနိုင်ပွဲ၊ ၁ ပွဲက အမှတ်နဲ့ အနိုင်ရခဲ့တာပါ။ ဒီလိုအချက်အလက်တွေကြောင့် De Ridder ဟာ ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ဦးဆိုတာ သိသာပေမယ့်လည်း Ataides နဲ့ပွဲမှာ မြင်ရတဲ့ စွမ်းဆောင်ရည်ကတော့ သိပ်ပြီး စွဲမက်စရာမကောင်းတာတော့ အမှန်ပါပဲ။ သူ့အနေနဲ့ လက်ရှိစွမ်းဆောင်ရည်ထက် ပိုမိုသာလွန်လာအောင် ကြိုးစားလေ့ကျင့်နိုင်မှသာ ၇ ပွဲဆက်တိုက် အနိုင်ရထားတဲ့ မစ်ဒယ်ဝိတ်တန်းဘုရင် အောင်လအန်ဆန်ကို စိန်ခေါ်မှုကောင်းကောင်း ပေးစွမ်းနိုင်မှာပါ။ အောင်လအန်ဆန်ကလည်း မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို အလွယ်တကူ လက်လွှတ်ခံမှာမဟုတ်ဘဲ ကမ္ဘာ့အကောင်းဆုံး မစ်ဒယ်ဝိတ်ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။

သူ့ရဲ့စိန်ခေါ်သူအဆင့်ကို ဘယ်သူတက်လှမ်းလာမလဲဆိုတာ သိရမယ့် Ataides နဲ့ De Ridder တို့တွဲဆိုင်းအပြီးမှာ အောင်လအန်ဆန် က သူ့ရဲ့လူမှုကွန်ရက်ကနေ “ကျွန်တော့်ရဲ့ချန်ပီယံခါးပတ်ကို စိန်ခေါ်နိုင်ဖို့အတွက် ယှဉ်ပြိုင်ထိုးသတ်ရတဲ့ အရေးကြီးပွဲစဉ်မှာ အနိုင်ရရှိ သွားတဲ့ Reinier ကို ဂုဏ်ပြုပါတယ်။ သိပ်မကြာခင်အချိန်မှာ ချန်ပီယံခါးပတ်အတွက် ပြိုင်ပွဲကြိုးဝိုင်းမှာ ရင်ဆိုင်ထိုးသတ်ဖို့အတွက် မျှော်လင့်ပါတယ်” လို့ ရေးသားထားပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top