သင်သိပြီးပြီလား?

FB_IMG_1523203099261.jpg

ထူးဆန်းမှုတွေများပြားလှတဲ့ ကမ္ဘာကြီးပေါ်မှာ ကိုယ်မသိသေးတာတွေ၊ ကိုယ်မသိလိုက်တာတွေ အများအပြား ရှိလို့နေပါတယ်။ တချို့အချက်တွေဆိုရင် ကိုယ်နေ့စဉ်ကြုံတွေ့နေရတဲ့ ပစ္စည်းမျိုးတွေ၊ အကြောင်းအရာမျိုးတွေထဲကပေမဲ့ ကိုယ်သတိမထားမိတာမျိုးလေးတွေ ဖြစ်လို့နေပါတယ်။

ဒါကြောင့်မို့ ရိုးရာလေးပရိသတ်ကြီးအတွက် ဒီလိုအချက်တွေထဲကတချို့ကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ နှစ်တိုင်းမှာ ပျမ်းမျှ လူအယောက်တစ်ရာဟာ ဘောပင်ကြောင့် အသက်ရှုကြပ်ပြီး သေဆုံးရပါတယ်။

၂။ iPhone မှာ အသုံးပြုတဲ့ Siri ဟာ သင်ပြောသမျှစကားတိုင်းကို ခွဲခြားစိတ်ဖြာပြီး သိမ်းဆည်းထားပါတယ်။ ဒီအချက်အလက်တွေအားလုံးကို Apple ဆီပေးပို့ပြီး ဒါတွေကို Apple က ပြန်လည်မျှဝေခွင့်ရှိပါတယ်။

၃။ အလုပ်ကထွက်လိုက်တဲ့ လူတစ်ရာမှာ ၇၅ဦးဟာ သူတို့အလုပ်ကနေ ထွက်လိုက်တာမဟုတ်ပါဘူး။ သူတို့ ဘော့စ်ဆီကနေ ထွက်လိုက်တာပါ။

၄။ တိုင်တန်းနစ် (Titanic) ဇာတ်လမ်းထဲက ကိတ်ဝင်းစလက် (Kate Winslet) ရဲ့ ကိုယ်ဗလာကျင်း ခဲသားပုံကြမ်းဟာ ရုပ်ရှင်ရိုက်ကူးတဲ့ ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန် (James Cameron) ကိုယ်တိုင် ရေးဆွဲခဲ့တဲ့ လက်ရာဖြစ်ပါတယ်။

၅။ အိပ်နေချိန်မှာ သင့်ရဲ့အမြင်အာရုံကို သတ်မှတ်လို့ရနိုင်ပါတယ်။ Orthokeratology (မျက်ကြည်လွှာအလင်းယိုင်ကုထုံး) မှန်ဘီလူးများဟာ မျက်ကြည်လွှာကို ညတွင်းချင်း ပုံစံအသစ်ပြောင်းလဲပေးပါတယ်။ ဒါကြောင့် သင်အိပ်ရာကနေ နိုးထလာချိန်မှာ မျက်မှန်တပ်ထားစရာ မလိုအပ်ပါဘူး။ မနက်ခင်းအချိန် မျက်မှန်မတပ်ထားဘဲ မျက်မှန်တပ်ထားသလို ကြည်ကြည်လင်လင် မြင်တွေ့နိုင်ပါတယ်။

၆။ ဒင်ဒမ် (Dindim) လို့ အမည်ရတဲ့ ပင်ဂွင်းတစ်ကောင်ဟာ ၂ဝ၁၁ခုနှစ်တုန်းက သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ၇၁နှစ်အရွယ်အဘိုးအိုဆီ ကီလိုမီတာရှစ်ထောင်ဝေးတဲ့ ခရီးကို နှစ်စဉ် ကူးခတ်ကာ သွားတွေ့ပါတယ်။

၇။ ပုံပါလေယာဉ်ဟာ အရေးပေါ်အခြေအနေမှာ သူ့ရဲ့ကိုယ်ထည်တစ်ခုလုံးကို ဖြုတ်ထုတ်ပြီး ပါဝင်တဲ့လေထီးတွေကို အသုံးချပြီး ခရီးသည်တွေကို မြေပြင်ပေါ် ဘေးကင်းစွာ ဆင်းသက်နိုင်စေတဲ့ တည်ဆောက်မှုပုံစံပါ။

၈။ လီနိုဗို (Lenovo) ရဲ့ CEO ဖြစ်သူ Yang Yuanqing ဟာ သူ့ရဲ့ငွေ ဒေါ်လာ ၃သန်းကို ဝန်ထမ်းတစ်သောင်းခန့်ကို ဆုကြေးပေးခဲ့ပါတယ်။ ဒါဟာ ဝန်ထမ်းတွေက လုပ်ဆောင်ပေးခဲ့တာတွေအတွက် မှန်ကန်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အပြုအမူတစ်ရပ်လို့ သူက ယူဆပါတယ်။

၉။ အလန်ရစ်ခ်မဲန်း (Alan Rickman) ဟာ အမျိုးသမီးတစ်ယောက်တည်းကိုပဲ နှစ်၄ဝကျော်ကြာ ဒိတ်လုပ်ခဲ့ပါတယ်။ ၂ဝ၁၂ခုနှစ်မှာ သူမနဲ့အတူ လျှို့ဝှက်စွာ လက်ထပ်ပွဲကျင်းပခဲ့ပြီး ဘရုတ်ကလင်တံတားကို အတူသွားခဲ့ကြပါတယ်။

၁ဝ။ ဂျေရုဆလမ်မြို့ဟာ နှစ်ကြိမ် ဖျက်ဆီးခြင်းခံခဲ့ရတယ်။ ၂၃ကြိမ် စစ်တပ်အဝိုင်းခံခဲ့ရတယ်။ ၅၂ကြိမ် တိုက်ခိုက်ခံခဲ့ရတယ်။ ၄၄ကြိမ် အသိမ်းခံခဲ့ရပြီး ပြန်လည်သိမ်းယူခဲ့တယ်။ သူဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး မြို့တစ်မြို့ဖြစ်ပါတယ်။

၁၁။ ခြင်္သေ့တွဟာ ခြင်္သေ့ငယ်လေးက ကိုက်တဲ့အခါ နာချင်ဟန်ဆောင်ပြီး ခြင်္သေ့ငယ်လေးတွေကို အားတက်အောင်ပြုလုပ်တတ်ကြပါတယ်။

၁၂။ Lamborghini Gallardo အမျိုးအစားကားတစ်စီးဟာ ၂.၈စက္ကန့်အတွင်းမှာ တစ်နာရီ ၄၅မိုင် ပြေးနိုင်ပါတယ်။ တောလိုက်ကျားသစ်တစ်ကောင်ဟာ ဒီနှုန်းကို ၂စက္ကန့်အတွင်းနဲ့ ပြေးနိုင်ပါတယ်။

 

Ref : Knowledge : Never Stop Learning
Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top