နယူးယောက်မြို့ရှိ ထရမ့် တာဝါ မီးလောင်ပြီး လူ ၁ ဦးသေဆုံး

180407190959-02-trump-tower-fire-0407-restricted-super-tease.jpg

အမေရိကန် နိုင်ငံ နယူးယောက်မြို့က ထရမ့်တာဝါ မှာ ဧပြီ ၈ ရက်နေ့က မီးလောင်မှုဖြစ်ခဲ့ပြီး တစ်ဦးသေဆုံးကာ မီးသတ်သမား ၄ ဦး ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။

အဲဒီတာဝါမီးလောင်နေချိန် တာဝါမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ မီးလောင်ကျွမ်းခံရမှုကြောင့် ဆေးရုံကို ရောက်ပြီးချိန်မှာ သေဆုံးသွားခဲ့တယ်လို့ မီးသတ်တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ တာဝါမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နေထိုင်ရာ အိမ်အဆောက်အဦ ရှိနေပေမဲ့ လက်ရှိမှာ ဒေါ်နယ်ထရမ့် ရဲ့ ဇနီးဖြစ်သူ မီလာနီယာနဲ့ သားဖြစ်သူ ဘာရွမ်တို့ဟာ ဝါရှင်တန်ဒီစီမှာ နေထိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

မီးဟာ အဆောက်အဦရဲ့ အထပ် ၅၀ မှာ ပျံ့နှံ့လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ရတဲ့အကြောင်းအရင်းကို ထုတ်ပြန်မှု တစ်ခုတစ်လေ မရှိသေးပါဘူး။ မီးလောင်ချိန်မှာ မီးခိုးငွေ့ ပမာဏ အတော်များခဲ့တယ်လို့ သိရပါတယ်။ မီးသတ်ဌာန တာဝန်ရှိသူတစ်ဦးက မီးဟာ အဆောက်အဦးရဲ့အထပ် ၅၀ မြောက် အထပ်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးငြိမ်းသတ်ဖို့ ခက်ခဲခဲ့ကြောင်း ပြောကြားခဲ့ပြီး မီးလောင်ချိန်မှာ ရေပေးဝေဖို့ အခက်ခဲတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။ မီးလောင်ချိန်မှာ မီးသတ်သမား ၂၀၀ နဲ့ မီးငြိမ်းနိုင်အောင် ကြိုးပမ်းခဲ့ရပြီး မစ်တောင်း မန်ဟန်တန် အဆောက်အဦအနားက လမ်းတွေကိုလည်း ပိတ်ထားခဲ့ရတယ်လို့သိရပါတယ်။

Ref: www.bbc.com

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top