၄ မိနစ်အတွင်း နိုင်ငံပေါင်း ၁၉၇ နိုင်ငံရဲ့အလံတွေကို ခွဲခြားပြပြီး စံချိန်ချိုးခဲ့တဲ့ ၃ နှစ်သားလေး

6.3.2023-yyl-iamge-15.jpg

အသက် ၃ နှစ်အရွယ် ဒါရှန်ဆိုတဲ့ ကလေး‌လေးက သူ့ရဲ့ပင်ကိုယ်စွမ်းရည်နဲ့ ကမ္ဘာ့စံချိန်ချိုးပြီး သူ့မိဘတွေကို ဂုဏ်ယူစေခဲ့ပါတယ်။ ဒါရှန်ဟာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူပြည်နယ်ကဖြစ်ပြီး မကြာသေးခင်ကမှ စံချိန်ချိုးပြီး International Book of Records မှာ ဖော်ပြခံခဲ့ရပါတယ်။ ဒီကလေးလေးက ၄.၄၀ မိနစ်အတွင်း နိုင်ငံပေါင်း ၁၉၇ နိုင်ငံရဲ့အလံတွေကို ခွဲခြားပြနိုင်ခဲ့တာပါ။ ဒါရှန်ရဲ့အရည်အချင်းကို အသိမှတ်ပြုတဲ့အနေနဲ့ The International Book of Records က ဆုတစ်ခုချီးမြှင့်ခဲ့တဲ့အပြင် Kalam’s World Records ကလည်း ဆုတစ်ခုချီးမြှင့်ခဲ့ပါတယ်။

အခုလို ဒါရှန်ရဲ့အောင်မြင်မှုအတွက် သူ့ရဲ့မိခင်ဖြစ်သူ ဆာဆီရီဟာက “ပညာရေးအပြင် မိဘတွေက သူတို့ရဲ့သားသမီးတွေကို ဘဝကျွမ်းကျင်မှုအမျိုးမျိုးကို သင်ကြားပေးရာမှာလည်း အာရုံစိုက်ထားသင့်တယ်။ ကျွန်မက ဒါရှန်ရဲ့စွမ်းရည်ကို သိအောင် လုပ်ခဲ့တယ်။ ၂ ပတ်ကြာတော့ ကျွန်မ သူ့ကို ဂိမ်းကစားသလိုမျိုး ကမ္ဘာ့ပေါ်က နိုင်ငံတိုင်းရဲ့အလံတွေကို မေးခဲ့တယ်။ သူ ဒါကို ကျွန်မနဲ့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ အခု ကျွန်မရဲ့သားလေး ဒီစွမ်းရည်နဲ့ နိုင်ငံတကာစံချိန်တစ်ခု ချိုးလိုက်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မတို့ ဂုဏ်ယူမဆုံးပါပဲ။ မိဘတိုင်းက သူတို့ရဲ့ကလေးတွေကို စောင့်ကြည့်ပြီး သူတို့ရဲ့ပင်ကိုယ်စွမ်းရည်တွေကို ပံ့ပိုးပေးသင့်ပါတယ်”လို့ ဂုဏ်ယူစွာနဲ့ ပြောကြားခဲ့ပါတယ်။

ဒါရှန်ဟာ လက်ရှိမှာတော့ ပုဂ္ဂလိကမူကြိုကျောင်းတစ်ကျောင်းမှာ Nursery Program ကို တက်ရောက်နေပါတယ်။

Ref: 3-Year-Old Breaks World Record, Identifies Flags Of 197 Countries In 4 Minutes

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top