ဆေးရုံမှာနေရင်းကိုဗစ်ကူးမှာဆိုးတဲ့အတွက် သူ့ဘာသာဆင်းသွားခဲ့တဲ့အမျိုးသား သေဆုံးခဲ့ရ

22-1-2021-yyl-16.jpg

အသက် ၂၇ နှစ်အရွယ် ဒေးဗစ် ဝါနာ (David Warner) ဆိုတဲ့ အမျိုးသားဟာ အခုလအစောပိုင်းမှာ ရင်ဘတ်အောင့်လို့ ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံတက်ပြီးတဲ့နောက်မှာ ကိုဗစ်ပိုးရှိမရှိဆေးစစ်မှုရယူခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ ဆေးစစ်တဲ့ရလဒ်ကို စောင့်ဆိုင်းနေရင်း COVID-19 ကုသဆောင်မှာ သူ့ကို ထားမယ်ဆိုရင် ရောဂါပိုးကူးစက်ခဲ့ရမယ်ဆိုတဲ့ ကြောက်ရွံ့စိတ်နဲ့ ဆေးရုံက ခွင့်ပြုချက်မရဘဲ ဆင်းသွားခဲ့ပါတယ်။ ဆေးရုံက ဆင်းသွားပြီး ရက်အနည်းငယ်မှာပဲ ဒေးဗစ်ကို ဧည့်ခန်းထဲမှာ သေဆုံးရက်သားတွေ့ရှိခဲ့ရပါတယ်။

ဒေးဗစ်က ဆေးရုံမှာနေတဲ့အခါ ကိုဗစ်ကူးရင် သူ့ကလေးကိုလည်း ရောဂါကူးစက်ခံရမှာကြောက်ခဲ့တာပါ။ “ဒေးဗစ်က သူ့ဘာသာ ဆေးရုံကဆင်းခဲ့တာပါ။ ၆ လသားလေးလည်း အိမ်မှာရှိတယ်။ ဒါကြောင့် သူ ရင်ဘတ်အောင့်လို့နာကျင်တာထက် သမီးလေးကို ရောဂါပိုးကူးစက်ခံရမှာ ကြောက်ခဲ့တာပါ” လို့ ဒေးဗစ်ရဲ့ဇနီး ဗစ်ကီ ဂျုန်း (Vicky Jones) က ဆိုပါတယ်။

ဒေးဗစ်ရဲ့ကိုဗစ်ရလဒ်ကတော့ Negative ဖြစ်ခဲ့ပါတယ်။ ဒေးဗစ်ဟာ သူ့ရဲ့နောက်ဆုံးထွက်သက်မရောက်ခင်က သူ့သမီးလေးက ဘယ်လောက်တောင် ဂရုစိုက်ပြီး အချိန်ကုန်ပေးခဲ့လဲဆိုတာကို ဗစ်ကီက ပြောပြခဲ့ပါတယ်။ ဒေးဗစ်က သူ့သမီးလေး ငိုပြီး နိုးလာရင် ချော့သိပ်ဖို့အတွက် အခြားအခန်းမှာတောင် သွားအိပ်ခဲ့တာလို့ ဆိုပါတယ်။ သမီးလေးနဲ့ပတ်သက်ပြီး ဒေးဗစ် နောက်ဆုံးမြင်လိုက်တဲ့အရာက သမီးလေးရယ်မောပြီး ပြုံးနေတာပါ။ ဒေးဗစ် သေဆုံးသွားပြီလို့ သိလိုက်ရတဲ့အချိန်မှာ သူ့ကမ္ဘာကြီးအဆုံးသတ်သွားသလိုခံစားခဲ့ရတယ်လို့ ဗစ်ကီက ပြောပါတယ်။

ဒေးဗစ်က လူတိုင်းကို အမြဲတမ်း အတတ်နိုင်ဆုံးကူညီပေးဖြစ်ပြီး ကူညီပေးလိုက်လို့ တစ်ခုခုပြန်ရမယ်ဆိုတဲ့စိတ် ဘယ်တော့မှမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒေးဗစ်ရဲ့နာရေးအတွက် ငွေတွေကို GoFundMe ပေ့ချ်ကနေတဆင့် ရရှိခဲ့တာဖြစ်ပါတယ်။

Ref: Metro “Dad, 27, dies days after discharging himself from A&E fearing he’d catch Covid”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top