နိုင်ငံတကာကိုထိုးဖောက်ပြီး အော်စကာဆုစာရင်းထဲဝင်ခဲ့တဲ့ ကိုရီးယားဇာတ်ကား Parasite

yyl-024-20.jpg

နိုင်ငံတကာရှပ်ရှင်လောကကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ ကိုရီးယားရုပ်ရှင်ကားကောင်းတစ်ကားအကြောင်း ရိုးရာလေးစာဖတ်ပရိသတ်တွေကို အနည်းငယ်ပြောပြပေးချင်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ဖူးတဲ့ စာဖတ်ပရိသတ်တွေလည်း ရှိကောင်းရှိမှာပါ။ နာမည်ကြီးဒါရိုက်တာ ဘုံဂျွန်ဟို ရိုက်ကူးထားတဲ့ Parasite ဆိုတဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးဖြစ်ပါတယ်။ ဒါရိုက်တာဘုံဂျွန်ဟိုကို စာဖတ်ပရိသတ်တွေ သိချင်မှသိကြမှာပါ။ ဒါပေမဲ့ သူရိုက်ခဲ့တဲ့ နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ ‘Mother’, ‘Memories of Murder” တွေကိုတော့ သိကြမယ်ထင်ပါတယ်။ “Parasite” ဇာတ်ကားဟာဆိုရင် ဒါရိုက်တာရဲ့ပြောင်မြောက်လှတဲ့ ရိုက်ချက်တွေကြောင့် နိုင်ငံတကာရုပ်ရှင်တွေနဲ့ ရင်ဘောင်တန်းနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားက ပရိသတ်တွေ ရင်သပ်ရှုမောစွာနဲ့ ကြည့်ရှုခဲ့ရတဲ့ရုပ်ရှင်ကားလို့ပြောရင်လည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဆင်းရဲသားမိသားစုတစ်စုက လူချမ်းသာမိသားစုရဲ့ ဝန်ထမ်းတွေဖြစ်လာဖို့အတွက် နည်းမျိုးစုံနဲ့ လှည့်စားအမြတ်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ လူချမ်းသာမိသားစုရဲ့ ဝန်ထမ်းတွေဖြစ်လာတဲ့အချိန်မှာ မထင်မှတ်ထားတဲ့အရာတွေဖြစ်လာတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

ဒီဇာတ်ကားက ကြည့်ဖူးနေကျသည်းထိပ်ရင်ဖို ဇာတ်ကားတွေနဲ့မတူဘဲ တွေးရင်တွေးနိုင်သလောက် ဇာတ်လမ်းသဘောကိုသိရမှာဖြစ်သလို လူချမ်းသာမိသားစုနဲ့ ဆင်းရဲသားမိသားစုတို့ရဲ့ သဘောသဘာဝကိလည်း ပြထားပါတယ်။ ဒီဇာတ်ကားက အပြင်လက်တွေ့ဘဝမှာရှိတဲ့ အရာတွေကိုလည်း ထည့်သွင်းရိုက်ကူးထားပါသေးတယ်။ ရုပ်ရှင်တစ်ခန်းနဲ့ တစ်ခန်းချိတ်ဆက်ပုံကလည်း အသေးစိတ်ပြီး ဇာတ်ကောင်တွေကလည်း သရုပ်ဆောင်ပီပြင်လှပါတယ်။ ကဲ.. ဇာတ်လမ်းအကြောင်းကိုတော့ ဆက်ပြီးညွှန်းမနေတော့ဘူးနော်..။ ဖေ့စ်ဘွတ်ခ်ဇာတ်ကားပေ့ချ်တွေမှာ ရှာပြီး စာဖတ်ပရိသတ်တွေ ကိုယ်တိုင်သာ ကြည့်ရှုလိုက်ကြပေါ့နော်။

“Parasite” ရုပ်ရှင်ကားရဲ့ အောင်မြင်မှုမှတ်တိုင်တွေကို ချန်ထားခဲ့လို့မရဘူးဆိုတော့ ပြောပြပေးဦးမယ်နော်။ ဒီဇာတ်ကားက ၂၀၁၉ခုနှစ် Cannes Film Festival ပွဲမှာ Palme d’Or ဆုကိုရရှိခဲ့တဲ့ ပထမဆုံးကိုရီးယားရုပ်ရှင်ကားဖြစ်လာခဲ့ပါတယ်။ Worldwide အနေနဲ့ ဝင်ငွေ (၁၆၁) သန်းရရှိခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒါ့အပြင် 77th Golden Globe Awards ဆုပေးပွဲရဲ့ဆုအမျိုးအစား (၃) ခုမှာ ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး Best Foreign Langauge Film ဆုကိုရရှိခဲ့တဲ့ ပထမဆုံးကိုရီးယား ဇာတ်ကားဖြစ်လာပြန်ပါတယ်။

နောက်ထပ်လည်း 73rd British Academy Film Awards ဆုပေးပွဲရဲ့ဆုအမျိုးအစား (၄) ခုမှာ ဆန်ကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။ အခုလည်း ဖေဖော်ဝါရီ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် 92th Academy Awards (အော်စကာဆုပေးပွ) ရဲ့ ဆုအမျိုးအစား (၅) ခုဖြစ်တဲ့ Best Director, Best International Feature Film, Best Original Screenplay, Best Production Design, and Best Film Editing အတွက် ဆန်ကာတင်စာရင်းဝင်ထားပါတယ်။ HBO ကလည်း ဒီဇာတ်ကားကို ဒါရိုက်တာဘုံဂျွန်ဟိုနဲ့အတူ စီရီးတွဲအဖြစ် ရိုက်ကူးဖို့စီစဉ်နေတယ်လို့သိရပါတယ်။

Ref: Wikipedia

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top