America’s Got Talent ပြိုင်ပွဲရဲ့ ပထမဆုံးသော နှစ်ထပ်ကွမ်း Golden Buzzer ဆုရှင် မိန်းကလေး

Angelica-Hale-americas-got-talent-2019-a-billboard-1548.jpg

AGT ပရိသတ်အတော်များများသိကြတဲ့ အသက် (၁၁) နှစ်အရွယ် ဖိလစ်ပိုင်သူလေး အန်ဂျလီကာဟေးလ် (Angelica Hale) ကတော့ America’s Got Talent ရဲ့ ပထမဆုံးဦးဆုံးသော နှစ်ထပ်ကွမ်း Golden Buzzer ရရှိသူဖြစ်လာခဲ့ပါပြီ။

သူဟာ Golden Buzzer ဆုရှင်တွေပြိုင်ကြတဲ့ America’s Got Talent ပြိုင်ပွဲစင်မြင့်ထက်မှာ အဆိုတော် ရေချယ်လ်ပလက်တန်ရဲ့ (Rachel Platten) ရဲ့ Fight Song သီချင်းကို သီဆိုအစွမ်းပြနိုင်ခဲ့လို့ ဒိုင်တွေအားလုံးနဲ့ ကြည့်ရှုသူပရိသတ်တစ်ယောက်မကျန်က မတ်တပ်ရပ်လက်ခုပ်တီးပြီး သူ့ကို အကြီးအကျယ်ဂုဏ်ပြုခဲ့ကြပါတယ်။

သူဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း America’s Got Talent ပြိုင်ပွဲဝင်ဖြစ်ခဲ့ဖူးပြီး Golden Buzzer ကို ရရှိခဲ့သလို ပြိုင်ပွဲမှာဒုတိယနေရာချိတ်ခဲ့ဖူးပါတယ်။ ကျောက်ကပ်အစားထိုး ကုသမှုပြုလုပ်ထားရသူဖြစ်မဲ့လည်း ထက်သန်ပြင်းပြတဲ့ သူ့ရဲ့ဝါသနာဗီဇအတွက်တော့ ဒီအခြေအနေက အတားအဆီးတစ်ခုဖြစ်မလာခဲ့ပါဘူး။

ကမ္ဘာကျော် AGT ပြိုင်ပွဲရဲ့သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် Golden Buzzer နှစ်ထပ်ကွမ်းရရှိခဲ့သူက ဖိလစ်ပိုင်သူတစ်ဦးဖြစ်တာမို့ အာရှသားတွေအတွက် ဂုဏ်ဆောင်ပေးနိုင်ခဲ့တယ်လို့ဆိုရမှာပါ။

Ref: Metdann “Angelica Hale Receives Double Golden Buzzer on AGT – Makes History As The First-Ever”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top