ထွက်ရှိပြီး (၂၄) နာရီအတွင်း ကြည့်ရှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့တဲ့ အိန္ဒိယဇာတ်ကား ‘Dil Bechara”

27-7-2020-yyl-018.jpg

ဇွန်လ (၁၄) ရက်နေ့မှာ သေဆုံးခဲ့တဲ့ ဘောလိဝုဒ်မင်းသား ဆူရှန် ဆင်း ရာဂျ်ပွတ် နောက်ဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားအသစ် Dil Bechara ဟာ ဇူလိုင်လ ၂၄ ရက်နေ့က ထွက်ရှိလာခဲ့ပါပြီ။ အစက ရုံတင်ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် ကပ်ရောဂါ ဖြစ်ပွားနေတဲ့အတွက် Streaming Service တွေကနေ ထွက်ရှိဖို့ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် ဆူရှန်ရဲ့ ဇာတ်ကားသစ် “Dil Bechara” ဟာ (၂၄) နာရီအတွင်း ကြည့်ရှုနှုန်းအမြင့်ဆုံး အိန္ဒိယဇာတ်ကားဖြစ်လာခဲ့ပါပြီ။ ပရိသတ်တွေက ဆူရှန်ကို လွမ်းဆွတ်တမ်းတ သတိရနေကြောင်း ဒီနည်းနဲ့ သက်သေပြလိုက်တာဖြစ်ပါတယ်။

အဲဒီဇာတ်ကားမှာ အရိုးကင်ဆာရောဂါသည် မန်နီအဖြစ် ပါဝင်ခဲ့တဲ့ ဆူရှန်ရဲ့ သရုပ်ဆောင်ချက်တွေက ပြောင်မြောက်လှတဲ့အတွက် ဇာတ်ကားထွက်ရှိပြီး (၂၄) နာရီအတွင်း ကြည့်ရှုနှုန်းအမြင့်ဆုံးစံချိန်ကို ချိုးခဲ့တာလည်းဖြစ်ပါတယ်။ ကြည့်ရှုသူတွေရဲ့မဲပေးမှုနဲ့ ဇာတ်ကားတွေကို အဆင့်သတ်မှတ်ပေးတဲ့ ရုပ်ရှင်Platform ဖြစ်တဲ့ IMDb မှာ ကြည့်ရှုနှုန်းအမြင့်ဆုံး ဇာတ်ကားဖြစ်ခဲ့တယ်လို့ Filmfare အရ သိရပါတယ်။ ဒီဇာတ်ကားက မဲအရေအတွက် (၂၁,၀၀၀) ရရှိခဲ့ပြီး Rating 10/10 ရရှိခဲ့ပါတယ်။ အခုဆိုရင် ဆူရှန်ရဲ့ဇာတ်ကားက ၂၀၀၃ခုနှစ်ရဲ့ Anbe Sivam ဇာတ်ကားကို ကျော်လွန်ပြီး နံပါတ် (၁) နေရာကို ရရှိထားပါတယ်။ ဒီဇာတ်ကားက ကြည့်ရှုနှုန်း 10/10 ရရှိခဲ့တာကို ကြည့်မယ်ဆိုရင် ပရိသတ်တွေက ဇာတ်ကားနဲ့ လူတိုင်းရဲ့ရင်ထဲကို ထိစေတဲ့ မင်းသားရဲ့သရုပ်ဆောင်ချက်တွေကို နှစ်ခြိုက်ခဲ့တယ်ဆိုတာကို ပြောပြစရာတောင်မလိုဘူးထင်ပါတယ်။

ဒီဇာတ်ကားက အွန်လိုင်းမှာ ထွက်ရှိလာခဲ့ကတည်းက ပရိသတ်တွေနဲ့ အင်တာနက်အသုံးပြုသူတွေက ဇာတ်ကားနဲ့ ဆူရှန်ရဲ့သရုပ်ဆောင်ချက်တွေကို အလွန်အမင်းချီးကျူးစကားဆိုခဲ့ကြပါတယ်။ ဇာတ်ကားထဲမှာ ဆူရှန်သရုပ်ဆောင်ခဲ့တဲ့ မန်နီဇာတ်ကောင်က သူ မသေဆုံးခင် သူ့နာရေးမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ကိုယ်တိုင်ပါဝင်ချင်တာကြောင့် သူ့နာရေးကို ပြင်ဆင်ဖန်တီးခဲ့တဲ့ ဇာတ်ဝင်ခန်းက ပရိသတ်တွေကို ဝမ်းနည်းစေခဲ့တယ်လို့ အင်တာနက်အသုံးပြုသူတွေက ဆိုပါတယ်။

ဟောလိဝုဒ်ဇာတ်ကား The Faulth in Our Stars ကို ပြန်လည်ရိုက်ကူးထားတဲ့ “Dil Bechara” ဇာတ်ကားက ကင်ဆာရောဂါသည်နှစ်ဦးရဲ့ဝမ်းနည်းစရာအချစ်ဇာတ်လမ်းအပြင် ကင်ဆာရောဂါသည်တွေရဲ့ဘဝတွေကိုလည်း ပြသထားပါတယ်။ ပရိသတ်တွေက ဆူရှန်ကို လွမ်းဆွတ်တမ်းတရင်းနဲ့ ဒီဇာတ်ကားကို ကြည့်ရတဲ့အတွက်ရော ဇာတ်အိမ်ကလည်း ဝမ်းနည်းစရာကောင်းတဲ့အတွက်ရော ဒီဇာတ်ကားက သူတို့ရဲ့ရင်ထဲမှာ စွဲထင်ကျန်ရစ်နေခဲ့မှာ အသေအချာပါပဲ။

Ref: ‘Dil Bechara’ becomes highest-rated Indian film on IMDb

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top