IU ရဲ့ ကလေးဘဝက ပုံများ ထွက်ပေါ်

iu-1.png

ပရိသတ်တွေက သူတို့အကြိုက်ဆုံး သရုပ်ဆောင်ရဲ့ ငယ်ဘဝအကြောင်းလေးတွေကို သိခွင့်ရတာကို မြတ်နိုးကြပါတယ်။

IU ကလည်း ပရိသတ်တွေ အကြိုက်တွေ့မယ့် သူမရဲ့ ကလေးဘဝအရွယ်က ပုံ ၂ ပုံကို ထုတ်ဖော် ပြသခဲ့ပါတယ်။

IU ဟာ လမ်းလျှောက်တတ်စ အရွယ်တုန်းက ချစ်ဖို့ကောင်းတဲ့ ဝတ်စုံလေးနဲ့ သူမပုံကို တင်ခဲ့တာဖြစ်ပြီး နောက်ထပ် ပရိသတ်တွေအတွက် သူမရဲ့ သူငယ်ချင်းနဲ့ တွဲရိုက်ပြီး ပဲပေးနေတဲ့ ပုံလေးကိုလည်း တင်ပေးခဲ့ပါတယ်။ ဒီဓာတ်ပုံလေးတွေ ကြည့်ခြင်းအားဖြင့် သူမကမွေးကတည်းက ချစ်ဖို့ကောင်းတဲ့ မျက်နှာလေး ပိုင်ဆိုင်ခဲ့တာ ထင်ရှားပါတယ်။

အခုချိန်ထိ ထုတ်ဖော်ပြသခဲ့တဲ့ သူမရဲ့ ကလေးဘဝပုံတွေက IU ဟာ  သဘာဝအတိုင်း ရာနှုန်းပြည့် လှနေတယ်ဆိုတာ သက်သေခံနေပါတယ်။ ခန္ဓာကိုယ်ကသာ ပြောင်းလဲသွားပေမဲ့ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကတော့ ငယ်ရုပ် မပျောက်ပါဘူး။ ကလေးဘဝကနေ အခုထက်ထိ ပိုပိုပြီးကို လှနေဦးမယ့် IU ပါ။

Ref : Koreabo Entertainment : New Photos Of IU’s Childhood Photos Revealed

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top