ဂျပန်ဒီဇိုင်နာဖန်တီးထားတဲ့ မွိုင်ကျောက်ရုပ်တုဒီဇိုင်း တစ်ရှူးထည့်ဘူး

26-10-2022-yyl-05.jpg

အီစတာကျွန်းလို့​ဆိုလိုက်တာနဲ့ မွိုင်​ကျောက်ရုပ်တုကြီးတွေရှိတဲ့ကျွန်းလို့ သိကြပါတယ်။ အခုလက်ရှိ အဲဒီကျွန်းပေါ်မှာ မွိုင်ကျောက်ရုပ်တု ၈၈၇ ခုလောက်ရှိနေပါပြီ။ တချို့က မွိုင်ကျောက်ရုပ်တုတွေက ကံကောင်းမှုတွေယူဆောင်လာတယ်လို့ယုံကြည်ကြတယ်။

ဂျပန်ဒီဇိုင်နာတစ်ယောက်ကလည်း မွိုင်ကျောက်ရုပ်တုပုံစံတစ်ရှူးထည့်ဘူးကို ဖန်တီးထားပါတယ်။ ဒီတစ်ရှူးထည့်ဘူးကတော့ ကံကောင်းမှုတွေယူဆောင်ပေးလားဆိုတာတော့ မပြောနိုင်ပါဘူး။ ဒီဇိုင်နာ ဟယ်ရို ဆုဂိမိုတိုက ဒီကျောက်ရုပ်တုတစ်ရှူးထည့်ဘူးကို အီစတာကျွန်းပေါ်က မွိုင်ကျောက်ရုပ်တုကို ပြုလုပ်ထားတဲ့ မီးတောင်ကျောက်နဲ့တူအောင် အ​ကြမ်းခံတဲ့ ကော်စေးနဲ့ ဖန်တီးထားတာပါ။

တစ်ရှူးလိပ်ကို မွိုင်ကျောက်ရုပ်တုပုံစံဘူးနောက်ဘက်ထဲ ထည့်ပြီး ရုပ်တုရဲ့နှာခေါင်းပေါက်ကတဆင့် တစ်ရှူးစကို ဆွဲယူရတာပါ။ ဒီတစ်ရှူးထည့်တဲ့ဘူးက တခြားတစ်ရှူးထည့်တဲ့ဘူးတွေနဲ့မတူတော့ တမူထူးခြားနေပါတယ်။

Ref: Brightside “Discover a Napkin Holder That Will Bring a True Wonder of the World Into Your Home”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top