နှစ် ၅၀ ကျော် ရေမချိုးခဲ့တဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး လူသား ရေချိုးပြီး လပိုင်းအကြာမှာ ကွယ်လွန်

26-10-2022-yyl-04.jpg

နှစ် ၅၀ ကျော် ရေမချိုးခဲ့လို့ ကမ္ဘာ့အညစ်ပတ်ဆုံးလူသားလို့ ခေါ်ဆိုခံခဲ့ရတဲ့ အီရန်နိုင်ငံသား အမူဟာဂျီဟာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ လူပျိုကြီး အမူဟာဂျီဟာ ဖျားနာမှာ စိုးရိမ်လို့ ရေမချိုးရင်းနဲ့ ရေကြောက်သွားခဲ့တာလို့ ဒေသခံအရာရှိတွေက ဆိုပါတယ်။

၂၀၁၃ ခုနှစ်မှာ အမူဟာဂျီရဲ့အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်သံမှတ်တမ်းတို The Strange Life of Amou Haji ထွက်ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်မှာတော့ ရွာသားတွေစုပြီး အမူဟာဂျီကို ရေချိုးခန်းခေါ်သွားကာ ရေချိုးခိုင်းခဲ့ကြတာပါ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာတော့ အီရန်နိုင်ငံတောင်ပိုင်း ဖာ့စ်ပြည်နယ် ဒီဂျာရွာမှာ အမူဟာဂျီ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

Ref: World’s ‘dirtiest man’ dies at age 94 in Iran

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top