အဲလိစဘတ်(၂)ဘုရင်မကြီးထက် ပိုချမ်းသာတဲ့ ဗြိတိန်ဝန်ကြီးချုပ်သစ် ဆူနက်ရဲ့ဇနီး

26-10-2022-yyl-06.jpg

အာရှနွယ်ဖွား ဗြိတိန်နိုင်ငံသား ရီရှီဆူနက်ဟာ နှစ် ၂၀၀ ကျော်အတွင်း ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာသူပါ။ သူဟာ ဇနီးဖြစ်သူ မာတီရဲ့ ချမ်းသာကြွယ်ဝမှုကြောင့် နိုင်ငံရေးလောကမှာ ထိပ်တန်းရောက်လာသူတွေအနက် အချမ်းသာဆုံးစာရင်းဝင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

မာတီရဲ့ဖခင်ဟာ အိန္ဒိယဆော့ဖ်ဝဲကုမ္ပဏီ Infosys ကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ကျော် တန်ကြေးရှိတဲ့ စတုတ္ထမြောက် အိန္ဒိယကုမ္ပဏီ ဖြစ်ပါတယ်။ Infosys ကုမ္ပဏီမှာ မာတီက ရှယ်ယာ ဝ.၉၃ ရာခိုင်နှုန်း ပိုင်ဆိုင်တာကြောင့် သူ့ရဲ့ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၇၁၅ သန်းရှိပြီး သူတို့ဇနီးမောင်နှံ ၂ ယောက်ပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၃၀ လောက် ကြွယ်ဝပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဒုတိယမြောက် အဲလိစဘတ်ဘုရင်မကြီးတောင် အမေရိကန်ဒေါ်လာ သန်း ၄၂၀ ပဲ ချမ်းသာကြွယ်ဝခဲ့တာပါ။

ဆူနက်နဲ့ မာတီတို့ဟာ စတန်းဖို့ဒ်တက္ကသိုလ်မှာ MBA ဘွဲ့သင်တန်းတက်နေတုန်း တွေ့ဆုံခဲ့ကြပြီး ၂၀၀၉ ခုနှစ်က အိန္ဒိယနိုင်ငံ ဘန်ဂလိုရီမြို့မှာ လက်ထပ်ခဲ့ကြတာပါ။ သူတို့မှာ ခရစ်ရှ်နာနဲ့ အနော့ရှ်ကာဆိုတဲ့ သမီး ၂ ယောက် ရှိပါတယ်။ အသွင်တူလို့ အိမ်သူဖြစ် ဆိုပေမဲ့ ဆူနက်နဲ့ မာတီတို့ကြား မတူတာတွေ တော်တော်များပါတယ်။

ဆူနက်က သပ်သပ်ရပ်ရပ်၊ စနစ်တကျ နေတတ်တဲ့ စာအုပ်ကြီးသမားဖြစ်ပြီး မာတီက ရှုပ်ရှုပ်ပွပွ၊ အစီအစဉ်မကျ နေတတ်သူပါ။ ဆူနက်က အသောက်အစား လုံးဝမရှိတဲ့အချက်ကိုလည်း မာတီက မကြိုက်ပါဘူး။ ဆူနက်တို့ မိသားစုတွေက အသောက်အစား ဖက်သလို မာတီကလည်း သောက်တတ်ပါတယ်။ ဒါပေမဲ့ ဆူနက်က အရက်သေစာ မသောက်စားတာကို မာတီက ဒေါသထွက်လေ့ရှိပါတယ်။

Ref:Rishi Sunak’s wife is a software heiress who’s richer than royalty

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top