ဆင်မလိုက်ဈေးနဲ့ ဈေးဘေးကလမ်းတွေကို ပိုးသတ်ဆေးဖျန်း

COVID-19 ရောဂါ ကာကွယ်ဖို့အတွက် ကမာရွတ်မြို့နယ်အတွင်းက ဆင်မလိုက်ဈေးနဲ့ ဈေးဘေးက လမ်းတွေကို ဒီနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ရေဆေးသန့်စင်ပြီး ပိုးသတ်ဆေးတွေလိုက်ဖျန်းခဲ့ပါတယ်။

အခုလိုပိုးသတ်ဆေးဖျန်းတာကို ကမာရွတ်မြို့နယ်စည်ပင်သာယာရေးကော်မတီက ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တာပါ။ မနေ့က လှည်းတန်းဈေးအနောက်ဘက် ပေ ၅၀ လမ်းမှာ ဖျန်းခဲ့ပြီးဖြစ်ပါတယ်။

နောက်နေ့တွေမှာလည်း ကမာရွတ်မြို့နယ်အတွင်းက ကျန်တဲ့ဈေးတွေကို လိုက်ဖျန်းပေးသွားဖို့ရှိတယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်သန်းသန်းဌေးက ပြောပါတယ်။


KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top