နွေရာသီမှာသောက်လေ့ရှိကြတဲ့ ဥသျှစ်ရည်ချိုချိုလေးကပေးတဲ့ ကျန်းမာရေးအာနိသင်

28-3-2020-yyl-001.png

နွေပူနေချိန်မှာ ဥသျှစ်သီးဖျော်ရည်အေးအေးချိုချိုလေးသောက်လိုက်ရတာကလည်း စိတ်ကျေနပ်မှု အပြည့်အဝရရှိစေတဲ့ ခံစားချက်တွေထဲကတစ်ခုပဲနော်။ ငယ်ငယ်ကမြန်မာနိုင်ငံအလယ်ပိုင်းက အပူပိုင်းဒေသတွေကိုသွားရင်ဥသျှစ်သီးဖျော်ရည်မွှေးမွှေးချိုချိုလေးကိုသောက်ခဲ့ဖူးမှာပါ။ ထန်းလျက်နဲ့ဖျော်ထားတဲ့ ဥသျှစ်သီးဖျော်ရည်လေးကသောက်ကောင်းရုံလောက်တင်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း တကယ်ကောင်းတယ်ဆိုတာကို ဒီဆောင်းပါးေးလကနေတဆင့်ပြောပြပေးချင်ပါတယ်။

ဥသျှစ်သီး ဆိုတာက

ဥသျှစ်သီးဆိုတာက အပူပိုင်းဒေသမှာ အများဆုံးပေါက်ရောက်တဲ့ အသီးတစ်မျိုးပါ။ဆေးဖက်ဝင်အာနိသင်တွေလည်း ကြွယ်ပါတယ်။ပြောင်ချောနေတဲ့ အခွံမာမာအသီးတစ်မျိုးပေါ့။ အမြင့်ပေ ၃၀လောက်ထိရှိတဲ့ အပူပိုင်းဒေသအပင်တစ်မျိုးပေါ့။ ချိုတဲ့ အညိုရောင်အသားတွေနဲ့အတူ အစေ့ဖြူဖြူလေးတွေပါတတ်တဲ့ အသီးတစ်မျိုးပါ။ အိန္ဒိယနဲ့သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာပေါက်ရောက်သလိုမြန်မာနိုင်ငံနဲ့ အခြားတောင်အာရှနိုင်ငံတွေမှာလည်းပေါက်ရောက်ကြပါတယ်။

ဥသျှစ်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ……….
အရသာရှိတဲ့ ဥသျှစ်သီးဖျော်ရည်လေးကိုပုံမှန်သောက်သုံးပေးတာက

နှလုံးကျန်းမာစေနိုင်တယ်

ဥသျှစ်သီးကို ပုံမှန်စားသုံးပေးတာက နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ မခံစားရအောင်ကာကွယ်ပေးနိုင်သလိုလေဖြတ်တာနဲ့ ရုတ်တရက်နှလုံးရပ်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်ကိုလည်း ၅၄ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။

အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်

ဥသျှစ်သီးကိ အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်မှာ အနာရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိနေတာကြောင့် အစာခြေလမ်းကြောင်းတစ်ခုလုံးကိုကျန်းမာစေပြီး အနာတွေရှိခဲ့ရင်လည်း သက်သာစေနိုင်ပါတယ်။ ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

ကိုလက်စထရောထိန်းညှိပေးတယ်

ကိုလက်စထရောပမာဏကို ထိန်းညှိပေးပြီးသွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

အရေပြားအပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ မှိုပိုးကူးစက်ခံရတာ၊ရောဂါပိုးကူးစက်ခံရတာတွေကို အထူးသက်သာစေနိုင်ပါတယ်။ ခန္ဓါကိုယ်မှာ ဘက်တီးရီးယားနဲ့ မှိုကြောင့်ဖြစ်လာနိုင်တဲ့ရောဂါတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။

ဝမ်းမှန်စေနိုင်တယ်

ဥသျှစ်သီးက ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်အောင့်ဗိုက်နာကိုလည်း သက်သာစေနိုင်ပါတယ်။ သဘာဝဝမ်းနုတ်ဆေးတစ်မျိုးပေါ့။ အူတွေနဲ့ အစာခြေလမ်းကြောင်းကို သန့်စင်ပေးနိုင်ပါတယ်။ ဥသျှစ်သီးကို ငရုတ်ကောင်း၊ဆားတို့နဲ့ရောစပ်ပြီးသောက်သုံးမယ်ဆိုရင် အူတွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။

အပူငြိမ်းစေနိုင်တယ်

ဥသျှစ်သီးကို ပျားရည်နဲ့ဖျော်ပြီးသောက်ပေးမယ်ဆိုရင် အပူများလို့ လျှာနဲ့ ပါးစပ်မှာဖြစ်တဲ့ အနာတွေကို သက်သာစေနိုင်သလို ကိုယ်တွင်းအပူကိုငြိမ်းစေနိုင်ပါတယ်။ မနက်စာမစားခင်နဲ့ ညစာမစားခင်တွေမှာ ဥသျှစ်သီးဖျော်ရည်တွေကို ပုံမှန်သောက်ပေးတာက ကိုယ်တွင်း အပူငြိမ်းစေဖို့ အထိရောက်ဆုံးနည်းလမ်းပါ။

အရေပြားအဖုအပိမ့်တွေကိုသက်သာစေနိုင်ပါတယ်

ဥသျှစ်သီးဖျော်ရည်ကို ကရဝေးရွက်၊ နနွင်းတို့နဲ့ဖျော်ပြီးတစ်နေ့နှစ်ကြိမ်သောက်ပေးမယ်ဆိုရင် အရေပြားမှာ အဖုအပိမ့်တွေဖြစ်တာကို သက်သာစေနိုင်မှာပါ။

နို့ထွက်စေနိုင်တယ်

နို့တိုက်မေမေတွအနေနဲ့ ဥသျှစ်သီးကို ချင်း(ဂျင်း) နဲ့ဖျော်ပြီးသောက်ပေးမယ်ဆိုရင်ဘေဘီလေးအတွက် လုံလောက်တဲ့ နို့ချိုကို ရရှိစေမှာပါ။

ကင်ဆာကာကွယ်ပေးနိုင်တယ်

နေ့တိုင်း ဥသျှစ်သီးဖျော်ရည် တစ်ခွက်သောက်သုံးပေးတာက ရင်သားကင်ဆာအပါအဝင် ကင်ဆာတော်တော်များများကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

သွေးသန့်စေနိုင်တယ်

ဥသျှစ်သီးကိုရေနွေးနွေးလေးနဲ့ ပျားရည်တို့နဲ့ရောစပ်လို့သောက်သုံးပေးတာကသွေးတွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပြီးသွေးသန့်စေနိုင်ပါတယ်။

လိပ်ခေါင်းသက်သာစေနိုင်တယ်

ဥသျှစ်သီးဖျော်ရည်က ဝမ်းမှန်စေရုံတင်မဟုတ်ဘဲ ဝမ်းပျက်ဝမ်းလျှော၊ဝမ်းကိုက်တာတွေကိုပါသက်သာစေနိုင်သလို လိပ်ခေါင်းဝေဒနာကိုပါ သက်သာစေနိုင်ပါတယ်။

ဗီတာမင် C ချို့တဲ့မှုကို ကာကွယ်ပေးနိုင်တယ်

ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်တဲ့သွေးကြောတွေထိခိုက်တာမျိုးမဖြစ်စေဖို့အတွက်လည်း ဥသျှစ်ဖျော်ရည်ကိုသောက်သုံးပေးလို့ရပါတယ်။ ဥသျှစ်သီးက ဗီတာမင် နဲ့ သတ္တုဓါတ်များစွာကြွယ်ဝတာကြောင့်ရောဂါတော်တော်များများကို သက်သာစေနိုင်စွမ်းရှိပါတယ်။

အသက်ရှုလမ်းကြောင်းကတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်

ပန်းနာရင်ကျပ်ရောဂါအပါအဝင် အအေးမိဖျားနာတာလိုမျိုး အသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစက်တဲ့ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တယ်

ဥသျှစ်သီးက ပန်ကရိယကိုလှုံ့ဆော်ပေးပြီး အင်ဆူလင်ကို လုံလောက်စွာထုတ်စေနိုင်တာကြောင့်သွေးတွင်းသကြားဓါတ်ကို အထိရောက်ဆုံးထိန်းချုပ်နိုင်ပါတယ်။

နားကိုက်တာကို သက်သာစေနိုင်တယ်

နားကိုက်တာကိုသက်သာစေဖို့ဆိုရင်တော့ ဥသျှစ်ပင်အမြစ်ကို အသုံးပြုပေးလို့ရပါတယ်။ အခြားသောနားပြဿနာ အမျိုးမျိုးအတွက်လည်း ဥသျှစ်ပင်အမြစ်ကို အသုံးပြုပေးလို့ရပါတယ်။

Ref : hellosayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top