လူမှုရေးလုပ်ငန်း “Thankyou” မှ ကမ္ဘာ့အကြီးဆုံး စားသုံးကုန်လုပ်ငန်းနှစ်ခုဖြစ်သော P&G နှင့် Unilever တို့ကို မိတ်ဖက်အဖြစ် ဖိတ်ခေါ်

TY_Bangladesh_2.jpg

သြစတြေးလျအခြေစိုက် လူမှုရေးလုပ်ငန်းတစ်ခုဖြစ်သည့် “Thankyou” သည် ကမ္ဘာ့ အကြီးဆုံးနှင့် ဩဇာအရှိဆုံး စားသုံးကုန် လုပ်ငန်းနှစ်ခုဖြစ်သည့် P&G နှင့် Unilever တို့ကို အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ရန်အတွက် ကမ္ဘာအနှံ့တွင် Thankyou ထုတ်ကုန်များ ဖြန့်ဖြူးရန် ဖိတ်ကြားခဲ့သည်။ “Thankyou” သည် ထိုကုမ္ပဏီများကို အဆိုပါ ရဲရင့်သော လှုပ်ရှားမှုတွင် ပါဝင်ရန် စည်းရုံးလှုံ့ဆော်ခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ ဤပြောင်းလဲမှုကို ယုံကြည်သည့် လူအများ၏ စုပေါင်းစွမ်းအင်ကို “No Small Plan” ဟူသော စည်းရုံးလှုံဆော်ရေးမှ တစ်ဆင့် ပြသရန် တောင်းဆိုခြင်းဖြစ်သည်။ “Thankyou” သည် ဘဝပြောင်းလဲစေသည့် စီမံကိန်းများကို ထောက်ပံ့သည့် ရည်ရွယ်ချက်ဖြင့် တစ်ကိုယ်ရေသုံးထုတ်ကုန်များမှ ကလေးထုတ်ကုန်များအထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်သည်။

“Thankyou” ကို ကမ္ဘာတစ်ဝန်း အလွန်အမင်းဆင်းရဲနွမ်းပါးစွာ နေထိုင်နေသော လူဦးရေ ၇၃၆သန်းနှင့် နှစ်စဥ်စားသုံးသူ ထုတ်ကုန်များအတွက် သုံးသော ဒေါ်လာ ၆၃ ထီလီယံအကြား ကွာဟမှုကို ဖြေရှင်းရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။* လူအများအတွက် စားသုံးကုန်ပစ္စည်းများရရှိရန် စီးပွားရေးလုပ်ငန်းတစ်ခုတွင် လိုအပ်သည့် ကုန်ကျစရိတ်များအားလုံးကို သုံးစွဲပြီးနောက် “Thankyou” ၏ ကျန်ရှိသည့် အမြတ်အားလုံးသည် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ရန်ဖြစ်သည်။ ဤပုံစံနှင့် “Thankyou” သည် စားသုံးသူဝါဒကို အပြီးပြောင်းလဲရန် ရည်ရွယ်ထားသည်။

“နှစ်စဉ်စားသုံးသူကုန်ပစ္စည်းများအတွက် ဒေါ်လာ ၆၃ ထရီလီယံ သုံးစွဲနေပါလျက်နဲ့ လူဦးရေ ၇၃၆ သန်းက အလွန်အမင်း ဆင်းရဲနွမ်းပါးမှုမှာ ရှိနေရတာဟာ စီးပွားရေးလုပ်ငန်းတွေ ထုံးစံအတိုင်းပျက်စီးနေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၂၀၀၈ ခုနှစ်တွင် Justine Flynn နှင့် Jarryd Burns တို့နှင့်အတူ “Thankyou” ကို တည်ထောင်ခဲ့သည့် Daniel Flynn က ပြောကြားခဲ့သည်။ “ဒါပေမဲ့ လူအများနှင့်အတူ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီနှစ်ခုအနက်မှ တစ်ခုနှင့် ပူးပေါင်းပြီးတော့ စားသုံးသူ ကုန်ပစ္စည်းများအတွက် သုံးစွဲသော ဒေါ်လာတွေကို အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ရန် ကူညီလိုက်ခြင်းအားဖြင့် ဒါကို ပြောင်းလဲနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် “Thankyou” သည် ၎င်း၏ ထုတ်ကုန်များကို ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံဖြစ်သည့် သြစတြေးလျနှင့် နယူးဇီလန်တို့တွင်သာ ရောင်းချလျက်ရှိသည်။ သို့သော် COVID-19 သည် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုအရေအတွက်နှင့် လက်သန့်ဆေးရည်ကဲ့သို့သော ပုဂ္ဂိုလ်ရေးစောင့်ရှောက်မှုထုတ်ကုန်များ၏ ဝယ်လိုအားကို တိုးမြှင့်လာခြင်းတို့ကြောင့် လုပ်ငန်းများ အလျင်အမြန်ချဲ့ထွင်ရန် အချိန်ရောက်ပြီဖြစ်သည်။ အကယ်၍ P&G သို့မဟုတ် Unilever သည် Thankyou ၏ ဖိတ်ကြားချက်ကို လက်ခံရွေးချယ်ပါက ၎င်းတို့သည် သမိုင်းလမ်းကြောင်းကို အတူတကွ ပြောင်းလဲပြီး သန်းပေါင်းများစွာသော စားသုံးသူဒေါ်လာများကို အလွန်အမင်း ဆင်းရဲနွမ်းပါးမှု အဆုံးသတ်ရန်အတွက် လမ်းပြပေးနိုင်မည်ဖြစ်သည်။

P&G နှင့် Unilever တို့အနေဖြင့် “I’m in” ဟု အားပေးပြောဆိုပြီး Thankyou နှင့် အတူတကွ စနစ်ကို စတင် ဖော်ဆောင်ရန်အတွက် ပူးပေါင်းလုပ်ဆောင်ကာ အလွန်အမင်း ဆင်းရဲမွဲတေမှု ပပျောက်ရန် ရည်ရွယ်ချက်ဖြင့် လှုပ်ရှားမှု တစ်ခုကို ပူးပေါင်းဆောင်ရွက်နေသော ကမ္ဘာတစ်ဝန်းရှိ စုပေါင်းအသံများ၏ အင်အားသက်ရောက်မှုကို မြင်ရန်လိုအပ်သည်ဟု Thankyou အနေဖြင့် ယုံကြည်သည်။

Thankyou နှင့် ပူးပေါင်းပြီး ထောက်ခံမှုကို ပြသလိုလျင် လူမှုကွန်ရက်လမ်းကြောင်းများကို အကောင်းဆုံးအသုံးချ၍ အောက်ပါ အချက်များကို လုပ်ဆောင်နိုင်သည်။
ဓါတ်ပုံတစ်ပုံကိုဖြစ်စေ၊ ကမ်ပိန်း၏ လူမှုကွန်ရက်ခေါင်းစဉ်ကို ဖြစ်စေ “I’m in, are you?” ဆိုတဲ့ Caption နဲ့ Post တင်ပါ။@proctergamble နဲ့ @unilever ဟု Tag တွဲပါ #thankyoutotheworld ဟု Hashtag ရေးပါ
Thankyou ရဲ့ video ကို Share ပြီး ပိုပြီးပျံ့နှံသွားအောင် သူများတွေကို ထပ်မံမျှဝေလိုက်ပါ

Thankyou သည် Campaign အပြီးတွင် P&G နှင့် Unilever ကုမ္ပဏီနှစ်ခုလုံးနှင့် Virtual Meeting လုပ်သွားရန်ရှိသည်။ နိုဝင်ဘာ ၅ ရက်နေ့တွင် မည်သည့်ကုမ္ပဏီက ပါဝင်ပြီး အတူတကွ လက်တွဲလုပ်သွားမယ်ဆိုတာကို ကမ္ဘာ့ကြီးဆုံး Digital Billboard တွေထဲမှ တစ်ခုဖြစ်သည့် New York မြို့က Times Square မှာ ကြေညာသွားမည်ဖြစ်သည်။

Thankyou ၏ Campaign ခေါင်းစဉ်သည် ‘No small Plan’ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် စားသုံးသူများ၏ ဒေါ်လာ သန်းပေါင်းများစွာကို အလွန်အမင်း ဆင်းရဲမွဲတေမှု ပပျောက်ရန် အသုံးပြုမည့် နေရာသို့ ရောက်အောင်ပြုလုပ်ပြီး ဒီဘဝသက်တမ်းအတွင်းတွင် သမိုင်းကြောင်းကို ပြောင်းလဲပစ်ဖို့ လုပ်ဆောင်ရခြင်းသည် သေးသေးမွှားမွှားအစီအစဉ် မဟုတ်သောကြောင့်ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top