ဘေဘီလေးတွေကို နေ့တိုင်း နှိပ်နယ်ပေးပါ

yyl-9-9-015.jpg

ဘေဘီလေးတွေက စကားမပြောတတ်ခင်၊ လမ်းမလျှောက်တတ်ခင်မှာ သူတို့အနီးနားက အရာမှန်သမျှနဲ့ ထိတွေ့ချင်ကြပါတယ်။ နှိပ်နယ်ပေးခြင်းကလည်း ဘေဘီလေးတွေကို စကားပြောဖို့ သင်ယူတဲ့အချိန်ထိ သူတို့လေးတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ ထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ ဘေဘီလေးတွေရဲ့ခန္ဓာကိုယ်ကို ဆီ (သို့) moisturiserတွေနဲ့ ဖြည်းဖြည်းသာသာလေး နှိပ်နယ်ပေးရပါတယ်။ ဘေဘီလေးတွေကို ညင်ညင်သာသာလေး ထိတွေ့ပေးတာက ကလေးကို ချော့မြူပေးသလို သူ့ကို နွေးထွေးချစ်ခင်မှုကိုလည်း ခံစားရစေမှာဖြစ်ပါတယ်။ ဘေဘီလေးတွေကို နှိပ်နယ်ပေးမယ်ဆိုရင် ကောင်းကျိုးတွေရှိတဲ့အတွက် သိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

အစာခြေအားကောင်းခြင်း

ဘေဘေီလေးတွေကို နှိပ်နယ်ပေးမယ်ဆိုရင် ဝမ်းချုပ်တာတွေ၊ လေအောင့်တာတွေကို သက်သာစေပါတယ်။ အစာကြေစေသလို လေထိုးလေအောင့်ဖြစ်တာတွေကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်တက်ခြင်း

ကလေးရဲ့ဝမ်းဗိုက်ပိုင်းကို သေသေချာချာနှပ်နယ်ပေးတဲ့အခါ အစာခြေအားကောင်းတာအပြင် ကျန်းကျန်းမာမာနဲ့ ဝဝဖြိုးဖြိုးလေးဖြစ်လာစေနိုင်ပါတယ်။ ကလေးကို သက်တောင့်သက်သာဖြစ်အောင် ကူညီပေးတယ်သင့်ကလေးက ကသိကအောက်ဖြစ်တာ၊ စိတ်ရှုပ်ထွေးတဲ့ပုံပေါ်တဲ့အခါ သူ့ကို စိတ်တည်ငြိမ်သွားအောင် ဖြည်းဖြည်းသာသာလေး နှိပ်နယ်ပေးသင့်ပါတယ်။ နှိပ်နယ်ပေးတာက ကလေးရဲ့ စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းဓာတ်ကို ထုတ်လွှင့်စေဖို့ ကူညီပေးနိုင်ပါတယ်။

ကလေးကို နှိပ်နယ်ပေးသင့်တဲ့ အကောင်းဆုံးအချိန်

နို့တိုက်ပြီး အနည်းဆုံး (၄၅) မိနစ်ကြာတဲ့အထိ ကလေးကို နှိပ်နယ်မပေးသင့်ပါဘူး။ နို့တိုက်ပြီးတဲ့နောက် အချိန်ယူပါ။ ကလေး သက်တောင့်သက်သာဖြစ်တဲ့အခါ၊ ဗိုက်မပြည့်အင်တဲ့အခါမှသာ နှိပ်နယ်ပေးသင့်ပါတယ်။ ကလေးကို နေ့တိုင်းပုံမှန် နှပ်နယ်ပေးတဲ့အလေ့အကျင့်မျိုးထားသင့်ပါတယ်။ သန့်ရှင်းတဲ့ပတ်ဝန်းကျင်၊ ဘယ်သူမှ အနှောင့်အယှက်မပေးတဲ့ပတ်ဝန်းကျင်မှာ ကလေးကို နှိပ်နယ်ပေးဖို့ အရေးကြီးပါတယ်။ နှိပ်နယ်တဲ့အခါ လိုအပ်တဲ့ပစ္စည်းတွေကတော့

နူးညံ့တဲ့ဆီ (သို့) ခရင်မ်
သန့်ရှင်းတဲ့စက္ကူနဲ့တဘက်
ကလေးခါးတောင်းကျိုက်ပိတ်စ (လိုရမယ်ရ)
ကလေးကို နှိပ်နယ်တဲ့အခါ သင့်လက်သည်းတွေကို ညှပ်ထားပါ။ ဒါမှ ကလေးကို မတော်တဆထိခိုက်နာကျင်မှုတွေမဖြစ်စေမှာဖြစ်ပါတယ်။

Ref: Reasons why you should massage your baby daily
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top