လမ်းဘေးမှာ မစင်စွန့်လို့ ဇာတ်နိမ့်ကလေးငယ်နှစ်ဦး အသတ်ခံရ

yyl-001-9.jpg

လမ်းဘေးမှာ မစင်စွန့်ခဲ့တဲ့ ဒါလစ်မျိုးနွယ်ဝင်ကလေး(၂)ယောက် အသတ်ခံခဲ့ရတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။ (၁၂)နှစ်အရွယ်ရှိတဲ့ ရိုရှနီနဲ့ (၁၀)နှစ်သားအရွယ် အဗီနက်ရှ်တို့ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ရွာလမ်းမနားမှာ မစင်စွန့်နေတုန်း တိုက်ခိုက်ခံခဲ့တာပါ။ ”ကလေး(၂)ယောက်ကို တုတ်နဲ့ ရိုက်သတ်ခဲ့တာပါ။ စွပ်စွဲထားသူ(၂)ယောက်လုံးကို လူသတ်မှုနဲ့ အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေပါတယ်”လို့ ရဲအုပ် ချန်ဒယ်က ပြောပါတယ်။

ကလေး(၂)ယောက်ကို သတ်ခဲ့တယ်လို့ သံသယရှိသူ(၂)ယောက်ကတော့ ဇာတ်မြင့်တဲ့ မျိုးနွယ်ဝင်တွေပါ။ အရင်တုန်းက မထိရလို့ သတ်မှတ်ထားတဲ့ ဒါလစ်မျိုးနွယ်တွေဟာ ဟိန္ဒူဇာတ်စနစ်မှာ
အဆင့်အနိမ့်ဆုံးဖြစ်ပါတယ်။ ဒါလစ်မျိုးနွယ်ဝင်တွေကို ဥပဒေထုတ်ပြီး ကာကွယ်ပေးထားပေမဲ့ ခွဲခြားဆက်ဆံမှုတွေ အကျယ်တဝင့် ကြုံနေရတုန်းပါ။ အိန္ဒိယနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးသူ သန်းပေါင်းများစွာဟာ လေဟာပြင်မှာ မစင်စွန့်ကြလေ့ရှိပါတယ်။ အဲဒီလုပ်ရပ်ကြောင့် အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အန္တရာယ်ကြုံရလေ့ရှိပါတယ်။

အခု အသတ်ခံခဲ့ရတဲ့ ကလေးတွေအိမ်မှာလည်း အိမ်သာမရှိပါဘူး။ နေ့စားအလုပ်သမားတစ်ယောက်ဖြစ်တဲ့ သူ့အနေနဲ့ အိမ်သာဆောက်ဖို့ မတတ်နိုင်ဘူးလို့ သေဆုံးသူကလေးတစ်ယောက်ရဲ့ ဖခင်က ပြောပါတယ်။ ရိုရှနီနဲ့ အဗီနက်ရှ်ဟာ ညီအစ်ကိုဝမ်းကွဲတွေဖြစ်ပြီး အဗီနက်ရှ်ရဲ့ မိဘတွေက ရိုရှနီကို ကျွေးမွေးစောင့်ရှောက်ထားကြတာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top