ဝါရှင်တန်ဒီစီမှာ ရထားလမ်းချော်မှုဖြစ်လို့ လူ ၃ ဦး သေဆုံးကာ ၁၀၀ ကျော် ဆေးရုံတင်ရ

Amtrack-Washington.jpg

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီအနီး ဒူးပွန့်မြို့ (DuPont)မှာ တနင်္လာနေ့ နံနက်အစောပိုင်းက မြန်နှုန်းမြင့် ရထားတစ်စီး လမ်းချော်မှုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ပါတယ်။ ဆီယက်တယ်နှင့် ပို့တ်လန်းကို ပြေးဆွဲတဲ့ Amtrak အမျိုးအစားရထား လမ်းချော်ခဲ့ပြီးနောက် ၁၀၀ ကျော်ကို ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။ ဆေးရုံပို့ခဲ့ရတဲ့ ဒဏ်ရာရသူအများစု ဟာ စိုးရိမ်ရတဲ့ အခြေနေမျိုး ရှိနေတယ်လို့ သိရပါတယ်။

အဲဒီရထာဟာ အမေရိကန်နိုင်ငံ၊ အနောက်ဘက်ကမ်းရိုးတန်း အဝေးပြေးရထားလမ်း အင်တာစတိတ်-၅ လမ်းမပေါ်ရှိ တံတားတစ်ခုကို ဖြတ်သန်းနေချိန်မှာ လမ်းချော်မှု ဖြစ်ပွားခဲ့တာလို့ မီဒီယာတွေက ဖော်ပြပါတယ်။ ရထားမောင်းနှင်မှု့မှတ်တမ်းများအရ လမ်းချော်မှု့ မဖြစ်ပွားမီ တစ်နာရီ ၈၁ မိုင်နှုန်းနဲ့ မောင်းနှင်နေခဲ့ပြီး လမ်းချော်ပြီးနောက် တွဲ ၇ တွဲပါ ရထားက ရထားတွဲနှစ်တွဲ ဟာ တံတားအောက်ရှိ ကားလမ်းပေါ်ကို ထိုးကျသွားခဲ့ကာ ကားလမ်းပေါ်ရှိ လူဘယ်လောက် သေဆုံးဒ ဏ်ရာရသွားတယ်ဆိုတာ မသိရသေးပါဘူး။ အာဏာပိုင်တွေဟာ ရထားတွဲအားလုံးကို ရှာဖွေခဲ့ပြီး ဖြစ်ကာ သေဆုံးသူဘယ်လောက်ရှိတယ်ဆိုတာကို မထုတ်ပြန်သေးပါဘူး။

ရထားပေါ်မှာ ရထားဝန်ထမ်း ၇ ဦး နဲ့ ခရီးသည် ၇၈ ဦး လိုက်ပါခဲ့တယ်လို့ သိရပြီး လက်ရှိအချိန်မှာ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်မှု့ လုံခြုံစိတ်ချရေးဘုတ်အဖွဲ့က အက်ဆီဒန့်ဖြစ်တဲ့နေရာကို စစ်ဆေးရေးအဖွဲ့ပို့ဆောင်ကာ စစ်ဆေး အဖြေရှာနေပြီ ဖြစ်ပါတယ်။

Ref : BBC : Amtrak Washington train crash

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top