ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါ လက်ဗီးဂက်စ်မြို့မှာနေထိုင်တော့မယ်

lady.jpg

LOS ANGELES, CA - FEBRUARY 10: Lady Gaga poses in the press room with her awards for Best Song Written for Visual Media for 'Shallow,' Best Pop Duo Group Performance with Bradley Cooper, and Best Pop Solo Performance for 'Joanne (Where Do You Think You're Goin'?)' during the 61st Annual GRAMMY Awards at the Staples Center on February 10, 2019 in Los Angeles, California. (Photo by Dan MacMedan/Getty Images)

ကမ္ဘာကျော် ပေါ့အဆိုတော် လေဒီဂါဂါ က အမေရိကန်နိုင်ငံ လက်ဗိးဂတ်စ်မြို့မှာနေထိုင်ဖို့ စီစဉ်နေတယ်ဆိုတာ မှန်ကန်တယ်လို့ တွစ်တာကနေ တဆင့် ပြောဆိုလိုက်ပါတယ်။

လေဒီဂါဂါ ဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ MGM Park Theater ဖျော်ဖြေပွဲတွေ သီဆ်ိုမှာဖြစ်တာကြောင့် လက်ဗီးဂက်စ်မှာနေထိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

လေဒီဂါဂါ က သူမ ဘဝမှာအိပ်မက် မက်ခဲ့တဲ့ လက်ဗီးဂက်စ်မြို့မှာ နေထိုင်တဲ့အမျိုးသမီးဖြစ်လိုတာ ဟာ လက်တွေ့ ဖြစ်လာတော့မယ်လို့ ပြောထားပါတယ်။ လေဒီဂါဂါ ဟာ MGM Park Theater မှာပြုလုပ်မယ့် ရှိုးပွဲတွေအတွက်တစ်ပွဲကို သီဆိုခအမေရိကန်ဒေါ်လာ ၁ သန်း ရမှာဖြစ်ပြီး ပွဲပေါင်း ၇၄ ပွဲ သီဆိုရဖွယ်ရှိနေပြီး ပွဲအရေအတွက် ဆက်လက်များလာဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရမှု လေဒီဂါဂါ ဟာ တစ်ပွဲကို အမေရိကန်ဒေါ်လာ ၁ သန်း ရစေမယ့် ဒေါ်လာ ၁၀၀ သန်းတန်စာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လေဒီဂါဂါ ဟာသူမ ရဲ့ Joanne, အယ်ဘမ်ထွက်ရှိပြီးနောက် အရောင်းမြင့်တင်နိုင်ဖို့ ၂၀၁၇ ခုနှစ်အတွင်းက ကမ္ဘာတဝှမ်းမှာဖျော်ဖြေပွဲအများပြားသီဆိုခဲ့ပေမယ့် စက်တင်ဘာလမှာတော့ သူမရဲ့ နာတာရှည်နာကျင်မှုဝေဒနာ၊ ကျန်းမာရေး အခြေနေကြောင့် တောင်အမေရိကဖျော်ဖြေရေးခရီစဉ် ကိုဖျက်သိမ်းခဲ့ရသလို ဥရောပ ခရီးစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ လေဒီဂါဂါ ဟာ ကျန်းမာရေးပြန်ကောင်းမွန်နေပြီး ရွှေ့ဆိုင်းခဲ့ရတဲ့ ဥရောပ ဖျော်ဖြေပွဲကို လာမယ့်နှစ်ဇန်နဝါရီအစောပိုင်းမှာ ပြန်လည်ကျင်းပသွားဖွယ်ရှိနေပါတယ်။
Rolling Stone: Lady Gaga Plots Las Vegas Residency

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top