ခွဲခန်းဝင်ရမယ့် ဆရာဝန်က ကားပိတ်နေလို့ ၂ မိုင်အကွာအဝေး ပြေးသွားခဲ့

9-14-2022-yyl-21.jpg

ခွဲစိတ်ခန်း ဝင်ရမယ့်အတွက် ဆေးရုံကို အချိန်မီရောက်ဖို့ လိုနေတဲ့ ဆရာဝန်တစ်ယောက်ဟာ ကားလမ်းပိတ်နေလို့ ၂ မိုင်အကွာအဝေးကို ပြေးသွားခဲ့ရပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ဆရာဝန် ဒေါက်တာဂိုဗင်နန်ဒါကူမာဟာ သြဂုတ်လ ၃၀ ရက်က ဘန်ဂါလူရူမြို့ ဆေးရုံမှာ လူနာတစ်ယောက်ကို ခွဲစိတ်ဖို့ ချိန်းဆိုထားခဲ့တာပါ။

ပုံမှန်အားဖြင့် သူ့အိမ်ကနေ ဆေးရုံကို ရောက်ဖို့ မိနစ် ၃၀ ကနေ ၄၅ မိနစ်ကြားပဲ ကြာပေမဲ့ အဲဒီနေ့မှာ ကားတွေပိတ်နေလို့ ၅ မိနစ်၊ ၁၀ မိနစ်လောက်ပဲ သွားရမယ့်အကွာအဝေးကို ၄၅ မိနစ်လောက် ကြာမယ်လို့ Google က ဖော်ပြခဲ့ပါတယ်။ တကယ်လို့ သူသာ ဆေးရုံကို အချိန်မီ မရောက်ဘူးဆိုရင် ခွဲစိတ်လူနာရော၊ တခြားလူနာတွေအတွက်ပါ အန္တရာယ်ရှိနိုင်လို့ ဒေါက်တာဂိုဗင်က သူ့ကားကို ယာဉ်မောင်းနဲ့ထားခဲ့ပြီး ၂ မိုင်အကွာအဝေးကို ပြေးသွားခဲ့တာပါ။

ဆေးရုံကို သူ အပြေးသွားနေတဲ့ ဗီဒီယိုကိုလည်း ဒေါက်တာဂိုဗင်က လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။ ဆေးရုံကို ဒေါက်တာဂိုဗင်အချိန်မီ ရောက်ခဲ့သလား၊ ခွဲစိတ်မှု အောင်မြင်ခဲ့သလားဆိုတာတော့ မသိရပါဘူး။

Ref: Doctor Ditches Car Stuck In Traffic, Runs 45 Minutes To Perform Surgery

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply