ဗိုက်ပူရင် သူရဲကောင်းလို့ သတ်မှတ်ကြတဲ့ အီသီယိုးပီးယားမျိုးနွယ်စု

9-14-2022-yyl-30.jpg

အီသီယိုးပီးယားနိုင်ငံ အိုမိုတောင်ကြားရဲ့ ဝေးလံခေါင်သီတဲ့နေရာမှာ ဘိုဒီမျိုးနွယ်စုတွေ နေထိုင်ကြပါတယ်။ ဗိုက်ပူသူတွေကို ယောကျာ်းပီသသူတွေလို့ သတ်မှတ်တာကတော့ သူတို့ရဲ့ ထူးခြားတဲ့အယူအဆပါပဲ။ ဘိုဒီမျိုးနွယ်စုဝင် လူငယ်တွေဟာ သူရဲကောင်းအဖြစ် ရွေးချယ်ခံရဖို့ ၆ လကြာ သီးသန့်ခွဲခြားနေထိုင်ရပါတယ်။

အဲဒီကာလအတွင်းမှာ သူတို့က နွားနို့နဲ့ နွားသွေးကို သောက်ပြီး ဗိုက်ပူလာအောင် ကြိုးပမ်းရတာပါပဲ။ (ဒါပေမဲ့ ဘိုဒီမျိုးနွယ်စုတွေက နွားကို အမြတ်တနိုးထားကြလို့ နွားကို မသတ်ဘဲ နွားရဲ့ သွေးကြောကို မှိန်းနဲ့ထိုး (သို့) ပုဆိန်နဲ့ ပေါက်ကာ သွေးထုတ်ယူတာပါ။ ပြီးရင် အဲဒီဒဏ်ရာကို ရွံစေးနဲ့ ပြန်ပိတ်ပေးကြပါတယ်)

၆ လပြည့်လို့ ပြိုင်ပွဲဝင်တဲ့အခါ ဗိုက်အပူဆုံးသူကို သူရဲကောင်းအဖြစ် ရွေးချယ်တင်မြှောက်လေ့ရှိပါတယ်။ ပြိုင်ပွဲပြီးရင်တော့ အဲဒီသူတွေက ပုံမှန်အတိုင်း ပြန်လည်စားသောက်နေထိုင်ကြလို့ ဗိုက်ပြန်ချပ်သွားတတ်ပါတယ်။ ဘိုဒီမျိုးနွယ်စုတွေနဲ့ နေထိုင်ခဲ့တဲ့ ပြင်သစ်ဓာတ်ပုံဆရာ အဲရစ်လက်ဖော့က သူတို့အကြောင်းကို ရေးသားပြီး ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာပါ။

Ref: Ethiopia Bodi Tribe

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top