ဗင်နီဂါက ဗိုင်းရပ်စ်တွေကို သေစေနိုင်သလား

19-3-2020-yyl-0025.jpg

COVID 19 ဗိုင်းရပ်စ်က ကမ္ဘာတစ်ဝှမ်းမှာ ဆက်လက်ပျံ့နှံ့လျက်ရှိပါတယ်။ အဲဒါကြောင့်ပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID 19 ကို ကပ်ရောဂါအဖြစ် ကြေညာခဲ့ပါတယ်။ သုတေသနပညာရှင် တွေကလည်း COVID 19 ကို ကုသနိုင်မယ့် ကုသဆေးရရှိဖို့ ကြိုးစားလုပ်ဆောင်နေကြပါတယ်။

COVID 19 ကူးစက်ပျံ့ပွားမှုတွေ တိုးမလာအောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့တွေက Mask တွေ၊ လက်သန့်ဆေးရည်တွေကို အသုံးပြုပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေကြရပါတယ်။ Mask နဲ့ လက်သန့်ဆေးရည်တွေကလည်း ပစ္စည်းပြတ်လပ်မှုတွေ ရှိနေပါတယ်။ အဲဒါကြောင့် လူတော်တော်များများက သန့်စင်ပေးတဲ့ ဂုဏ်သတ္တိပါဝင်တဲ့ ဗင်နီဂါလို သဘာဝပိုးသတ်ဆေးတွေကို သုံးလာကြပါတယ်။

ဗင်နီဂါကို အမျိုးမျိုးသောရည်ရွယ်ချက်တွေအတွက် အသုံးပြုလေ့ရှိကြပါတယ်။ အရွက်သုပ်တဲ့အခါ မီးဖိုချောင်၊ အဝတ်လျှော်စက်တွေကိုသန့်စင်တဲ့အခါမျိုးမှာဆိုရင် ဗင်နီဂါက အရမ်းအသုံးဝင်ပါတယ်။ ဒါပေမဲ့ ဗင်နီဂါက ရောဂါပိုးမွှားတွေကို တကယ်သတ်ပေးနိုင်စွမ်းရှိလားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။

ဗင်နီဂါက ပိုးသတ်ဆေး(ရောဂါပိုးမွှား) လား

ဟုတ်ပါတယ်။ ဗင်နီဂါက ပိုးသတ်ဆေးပါ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကိုတော့ ထိရောက်မှုမရှိပါဘူး။ ဗင်နီဂါရဲ့အဓိကပါဝင်ပစ္စည်းက ဘတ်တီရီးယားနဲ့ ဗိုင်းရပ်စ်တွေကို သတ်နိုင်စွမ်းရှိတဲ့ အက်စီတစ်အက်ဆစ် (Acetic acid) ဖြစ်ပါတယ်။ ဗင်နီဂါက စတပ်ဖလို ‌ကောကပ်စ်‌အောရီရပ် (Staphylococcus aureus) နဲ့ အက်ရှားရီကီးယား ကိုလိုင် (E. coli) တို့ကို ဖျက်စီးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

ဒါပေမဲ့ စူပါမားကတ်တွေမှာ တွေ့ရတဲ့ အခြားဓာတုပစ္စည်းတွေလိုတော့ အရမ်းကြီးထိရောက်မှုမရှိပါဘူး။ ဗင်နီဂါက ဘတ်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေကို ဖျက်စီးပစ်ဖို့ နာရီဝက်ဝန်းကျင်လောက် အချိန်ယူရပါတယ်။ စဉ်နှီးတုံး၊ ပန်းကန်စင်၊ ရေခဲသေတ္တာတို့လို အစားအစာတွေနဲ့ ထိတွေ့တဲ့နေရာတွေကို သန့်စင်တဲ့အခါမှာတော့ ဗင်နီဂါကို အသုံးမပြုတာအကောင်းဆုံးပါပဲ။ ဖန်သား၊ ပြတင်းပေါက်၊ နံရံတွေ၊ ဗီရိုတွေ၊ ကြမ်းပြင်တွေလို နေရာတွေမှာ ဗင်နီဂါကို အသုံးပြုလို့ရပါတယ်။

အိမ်မှာ သန့်ရှင်းရေးလုပ်ဖို့အတွက် ဗင်နီဂါကို အသုံးပြုဖို့ဆိုရင် ဗင်နီဂါအဖြူရောင်ကို ရွေးချယ်သင့်ပါတယ်။ ဗင်နီဂါအဖြူက အခြားဗင်နီဂါ အမျိုးအစားတွေနဲ့ယှဉ်ရင် သဘာဝအလျောက် အက်စီတစ်အက်ဆစ် ပိုများပါတယ်။ အခြားဗင်နီဂါတွေထက် အက်စီတစ်အက်ဆစ် (၅-၁၀) ရာခိုင်နှုန်းလောက် ပါဝင်ပြီး ပိုထိရောက်အောင် စွမ်းဆောင်နိုင်ပါတယ်။

ဗင်နီဂါက ပိုးသတ်ဆေးဖြစ်ပြီး ဘတ်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေကို သတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ တွေ့ကြုံနေရတဲ့အချိန်မှာ ဗင်နီဂါကို ရှောင်ရှားသင့်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်မှုမရှိတဲ့အတွက် သင့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ရောဂါပိုးမွှားတွေကို (၉၉) ရာခိုင်နှုန်းသတ်ပေးနိုင်တဲ့ ပိုးသတ်ဆေးကိုသာ ဝယ်ယူအသုံးပြုသင့်ပါတယ်။

Ref: Does vinegar really help to kill viruses?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top