OPPO Reno3 | Reno3 Pro ဖုန်းတွေ မြန်မာနိုင်ငံ ဈေးကွက်ကို ရောက်ရှိ

031.jpg

ကမ္ဘာထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO က“Clear in Everyshot” ခေါင်းစဉ်နှင့် အသစ်ထွက်ရှိလာသော ဘယ်အလင်းအမှောင်အခြေအနေမှာမဆို ကြည်လင် ပြတ်သားတဲ့ပုံရိပ်တွေဖန်တီးပေးနိုင်တဲ့ OPPO Reno3 | Reno3 Pro တို့နှင့်အတူ စမတ်ဖုန်းတွေနဲ့ တွဲဖက် နားဆင်ရန် အသင့်တော်ဆုံး OPPO Enco Free Headphones တို့ကိုလည်း မတ်လ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့ပါတယ်။ OPPOက တရုတ်နိုင်ငံမှာ 5G version ကို မိတ်ဆက်ပေးခဲ့ပြီး နိုင်ငံတကာ ဈေးကွက်မှာလည်း ဈေးကွက်တစ်ခုချင်းစီ နှင့် ကိုက်ညီသော OPPO Reno3 | Reno3 Pro ကို ထပ်မံ ထုတ်လုပ်ဖြန့်ချိခဲ့ခြင်းဖြစ်ပါတယ်။ OPPO Reno3 | Reno3 Pro နှင့် Enco Free Headphones တို့ကို မတ်လ ၁၉ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ ဈေးကွက်တွင်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

OPPO Reno3 Pro မှာ OPPO ရဲ့ ပထမဦးဆုံး 44MP Dual Punch-hole design ဖြင့် ထုတ်လုပ်ထားပြီး OPPO Reno3 မှာ Waterdrop Display ဖြင့် သုံးစွဲသူ အမျိုးအစားအလိုက် အကြိုက်တွေ့စေရန် ထုတ်လုပ်ထားပါတယ်။ OPPO Reno3 | Reno3 Pro တို့ကို ရရှိနိုင်တဲ့အ‌ရောင်တွေကတော့ အပြာ၊ အစိမ်း၊ ခရမ်း အရောင်ပြေးများဖြင့် ရင်သပ်ရှုမောဖွယ် လှပသော Auroral Blue နှင့် လျှို့ဝှက်သော ညဉ့်နက်ကို ကိုယ်စားပြုသည့် Midnight Black တို့ဖြစ်ပါတယ်။

8GB RAM နှင့် 256GB ROM ရှိတဲ့ 64MP Zoom Quadcam, 44MP Dual Punch-hole Camera နှင့် Dual Lens Bokeh, တို့ ပါဝင်ပြီး ကမ္ဘာ့ ပထမဦးဆုံး 44MP+2MP Dual Punch-hole ပါ Super AMOLED Display ပါဝင်တဲ့ OPPO Reno3 Pro ကို မြန်မာ‌ကျပ်ငွေ 629,900 ဖြင့်လည်းကောင်း ၊ 8GB RAM နဲ့ 128GB ROM ရှိတဲ့ 48MP Zoom Quadcam, 44MP Front Camera တို့ပါဝင်သော OPPO Reno3 ကို မြန်မာကျပ်ငွေ 499,900 ဖြင့်လည်းကောင်း၊ စမတ်ဖုန်းများနှင့် လွယ်ကူစွာ ချိတ်ဆက်နိုင်ပြီး အသံထွက်အားကောင်းမွန်သော OPPO Enco Free Headphones ကိုလည်း မြန်မာ‌ကျပ်ငွေ 139,900 ဖြင့်လည်းကောင်း မတ်လ ၁၉ရက်နေ့မှစပြီး မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်တွေမှာ ဝယ်ယူ ရရှိနိုင်မှာဖြစ်ပါတယ်။

မည်သည့် OPPO Reno3 | Reno3 Pro ဖုန်းများကို ဧပြီလ ၉ ရက်အထိ ဝယ်ယူ အားပေးသူတိုင်းအတွက် ဝယ်ယူသည့် ရက်မှ စ၍ ရက်ပေါင်း ၁၈၀ အတွင်း မတော်တဆမှုကြောင့် ကျကွဲသွားသည့် ဖုန်းမျက်နှာပြင်အတွက် ကျပ် တစ်သိန်း ဝန်းကျင် တန်ဖိုးရှိ မှန်အခမဲ့ လဲလှယ်နိုင်တဲ့ အခွင့်အရေး ၁ ကြိမ်ပါဝင်သော VIP Card ကို ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် OPPO Reno3 Pro ဝယ်ယူသူတွေအတွက် Clock Speaker များနှင့် OPPO Reno3 ဝယ်ယူသူတွေအတွက် Q Speaker များ ပေးသွားမှာဖြစ်ပါတယ်။

အဲဒီအခမ်းအနားကို OPPOရဲ့ အနုပညာရှင် မိသားစုဝင်များဖြစ်တဲ့ ပြည်သူချစ် အနုပညာရှင် အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကယ်ဒမီ ပိုင်ဖြိုးသုနှင့် အဆိုတော် လွှမ်းပိုင် တို့မှလည်း တက်ရောက် အားပေးခဲ့ကြပြီး သူတို့ နှစ်သက်သဘောကျတဲ့ OPPO Reno3 | Reno3 Pro နှင့် Enco Free Headphones တို့ရဲ့ စွမ်းဆောင်ရည်တို့ကို အသီးသီးကို ‌ဝေမျှခဲ့ကြပါတယ်။ အွန်လိုင်းကြည့်ရှုသူများ ပါဝင်ဆင်နွှဲနိုင်တဲ့အမေးအဖြေ အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့ပြီး အဖြေမှန်သူများကို အသစ်စက်စက် Reno3 | Reno3 Pro နှင့် Enco Free Headphones တို့နှင့်အတူ အခြား ဆုလက်ဆောင်များလည်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top