သခင်တွေ သေဆုံးသွားမှန်းမသိဘဲ သခင်တွေကို တွေ့ချင်လို့ နေ့တိုင်း အိမ်ကို ပြန်လာကြည့်တဲ့ ခွေးလေး

6-7-2022-11.jpg

ပြီးခဲ့တဲ့လက အာဖဂန်နစ္စတန်နိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ပါတယ်။ အဲဒါကတော့ သခင်တွေကို တွေ့ချင်တဲ့အတွက် သေဆုံးသွားပြီဖြစ်တဲ့ သခင်ဖြစ်သူရဲ့အိမ်ကို နေ့တိုင်း ပြန်လာကြည့်တဲ့ ခွေးလေးတစ်ကောင်အကြောင်းပါပဲ။ အဲဒီခွေးလေးက ငလျင်လှုပ်စဉ်အတွင်း သူ့ရဲ့သခင်မိသားစုအားလုံး သေဆုံးသွားမှန်းမသိပါဘူး။ သူ့သခင်ရဲ့အိမ်က လုံးဝ ပြိုကျနေပါပြီ။ ခွေးလေးက ပြိုကျနေတဲ့ အိမ်လေးကိုပဲ လာလာကြည့်နေခဲ့တာပါ။

ဒီအကြောင်းကို နိုင်ငံတကာကယ်ဆယ်ရေးကော်မတီနဲ့အတူ အလုပ်တွဲလုပ်နေတဲ့ ဆာမီရာ အက်စ်ဆာက အဲဒီခွေးလေးရဲ့ပုံနဲ့ တွစ်တာမှာ မျှဝေခဲ့တာပါ။ အပျက်အစီးတွေကြားကနေ သူ့သခင်ရဲ့အိမ်ကို ခွေးလေး လှမ်းကြည့်နေတာကို ပုံထဲမှာ မြင်တွေ့ရပါတယ်။ သူ့သခင်တွေ သေဆုံးသွားပြီဆိုတာကို လက်ခံနိုင်ပုံမရပါဘူး။

ခွေးလေးက ပျက်စီးနေတဲ့ အိမ်ကို နေ့တိုင်းလာပြီး သူ့သခင်တွေကို မတွေ့ရင် တအီအီနဲ့အော်ပြီး မျက်ရည်ကျတယ်လို့ ဆာမီရာရဲ့ပြောစကားအရ သိရပါတယ်။ အခုတော့ သူ့သခင်မိသားစုရဲ့အိမ်နီးနားချင်းတွေက သူ့ကို ခေါ်ယူကျွေးမွေးစောင့်ရှောက်ထားကြပါတယ်။ ဒါပေမဲ့ သူ့သခင်တွေကို မြင်တွေ့ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ သစ္စာရှိတဲ့ခွေးလေးက ပျက်စီးနေတဲ့ အိမ်ကို လာကြည့်ပြီး ရှာနေတုန်းပါပဲ။

ဇွန်လ ၂၂ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံမှာ ပြင်းအား ၆.၁ ရှိတဲ့ ငလျင်လှုပ်ခတ်သွားခဲ့တာပါ။ အနည်းဆုံး လူ (၁၀၀၀) သေဆုံးခဲ့ပြီး လူ (၃၀၀၀) ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် (၁၀၀၀၀) လည်း ပျက်စီးသွားခဲ့ပါတယ်။

Ref: Heart-wrenching: Dog Comes To His Dead Owner’s House, Cries Every Day In Quake Hit Afghanistan

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top