တိရစ္ဆာန်ထောင်ပေါင်းများစွာကို အသက်ကယ်ပေးခဲ့တဲ့ ရေလူသား

animal.jpg

သူ့ကိုတော့ တာဗိုဥယျာဉ်မှ ရေလူသားလို့ လူသိများပါတယ်။ ကင်ညာနိုင်ငံရဲ့ ပူပြင်းခြောက်သွေ့တဲ့ကာလတွေဆိုရင် ပက်ထရစ်က တာဗိုဘေးမဲ့တောမှ တိရစ္ဆာန်တွေနဲ့ ပတ်ဝန်းကျင်က လူတွေ ရေရရှိစေဖို့ ရေတင်ကားကို ကိုယ်တိုင်မောင်းပြီး ရေလာပေးလေ့ ရှိပါတယ်။ ပက်ထရစ်ဟာ ၂၀၁၆ ခုနှစ်ကစပြီး သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့ ရေလှူဒါန်းခဲ့တာပါ။

သူ့ကျေးဇူးကြောင့်သာ တာဗိုဥယျာဉ်မှ တိရစ္ဆာန်တော်တော်များများ အသက်ဆက်ရှင်ခဲ့တာပါ။ သူ့ဒေသမှာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပက်ထရစ်ဟာ တိရစ္ဆာန်တွေကို ဂရုစိုက်စောင့်ရှောက်ဖို့၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့ အရေးကြီးကြောင်း လူတွေ သတိထားမိလာအောင် မီးမောင်းထိုးပြခဲ့တာပါ။

ကျောက်ကပ်ဆေးနေရသူဖြစ်တဲ့ ပက်ထရစ်ဟာ သူ့ရဲ့ နောက်ဆုံးအချိန်အထိ ရေလှူတဲ့အလုပ်ကို မပျက်မကွက် လုပ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်မှာ ‌ကျောက်ကပ်ဆေးဖို့ သွားနေရင်း ပက်ထရစ် ကွယ်လွန်သွားခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ် ရှိပါပြီ။

Ref: Patrick Kilonzo Mwalua, “Water Man of Tsavo,”

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top