ထိုင်ဝမ်ငလျင်မှာ လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကယ်ဆယ်ရေးခွေးလေး

12.4.24-yyl-7.jpg

အင်အားပြင်းငလျင် လှုပ်ခတ်မှုကြုံခဲ့တဲ့ ထိုင်ဝမ်မှာ လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်ခဲ့သူကတော့ ရှစ်နှစ်အရွယ် လာဘရာဒေါ ခွေးလေး ရိုဂျာပါပဲ။ တကယ်တော့ ရိုဂျာက မူးယစ်ဆေးဝါး ရှာဖွေရာမှာ အသုံးပြုဖို့ ရဲခွေးအကယ်ဒမီမှာ ပါဝင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရိုဂျာက အရမ်းခင်တတ်ပြီး အစားအစာနဲ့ အပျော်အပါး မက်လို့ ထိန်းကျောင်းသူရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ရာမှာ အားနည်းပါတယ်။

ရိုဂျာရဲ့ ဉာဏ်ရည်နဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် သူ့ကို ကယ်ဆယ်ရေးခွေးအဖြစ် ပိုသင့်တော်တယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ ဧပြီလ ၆ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၄ မဂ္ဂနီကျူ့စ်ငလျင်ဟာ ၂၅ နှစ်အတွင်း ထိုင်ဝမ်သမိုင်းမှာ အင်အားအပြင်းဆုံးငလျင် ဖြစ်ပါတယ်။ ရိုဂျာဟာ အပျက်အစီး အပိုင်းအစတွေကြား ရှာဖွေရာမှာ ထူးချွန်တာပါ။ ဟွာလျံမြို့ တာရိုကိုအမျိုးသားဥယျာဉ်နားက လမ်းတစ်ခုပေါ်မှာ ကျောက်တုံးတစ်တုံး ပိတ်မိနေပြီး ရိုဂျာက အပျက်အစီးကြား ပိတ်မိနေသူတစ်ယောက်ကို သဲလွန်စ ရှာဖွေနိုင်ခဲ့ပါတယ်။

ရိုဂျာဟာ ရှာဖွေမှုစလုပ်ပြီး ၅ မိနစ်အကြာမှာပဲ သဲလွန်စ ရှာဖွေနိုင်ခဲ့တာပါ။ အပျက်အစီးအောက် ပိတ်မိနေသူကို ကယ်တင်ပေးနိုင်ခဲ့လို့ ရိုဂျာနဲ့ ထိန်းကျောင်းသူ လီဆင်ဟန်ကို မြို့တော်ဝန် ချန်ချီမိုင်က ဖေ့ဘွတ်ခ်ပေါ်မှာ ချီးကျူးစကားဆိုခဲ့ပါတယ်။

Ref:Dog Who Failed Police Academy Becomes A Star In Taiwan Earthquake Response

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top