အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် တန်ဖိုးရှိတဲ့ အမ်ဖက်တာမင်းဆေးတွေ သိမ်းဆည်းရမိ

2-6-2020-yyl-009.jpg

အီတလီရဲတပ်ဖွဲ့ဟာ ကမ္ဘာ့စံချိန်တင် မူးယစ်ဆေးဝါး သိမ်းဆည်းရမိမှုအဖြစ် အမ်ဖက်တာမင်း ၁၄ တန် သိမ်းဆည်းရမိခဲ့ပါတယ်။ IS အဖွဲ့ကို ငွေကြေးထောက်ပံ့ပေးဖို့ ရည်ရွယ်ပြီး အဲဒီဆေးတွေကို ဆီးရီးယားနိုင်ငံမှာ ထုတ်လုပ်ခဲ့တာဖြစ်မယ်လို့ ယူဆနေကြပါတယ်။ အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံ တန်ဖိုးရှိတဲ့ ကပ်တာဂွန်ဆေးပြားအတု ၈၄ သန်းကို ဆာလာနိုမြို့ဆိပ်ကမ်းမှာ ရပ်ထားတဲ့ ကွန်တိန်နာတွေပေါ်မှာ တွေ့ရှိခဲ့တာပါ။ အဲဒီဆေးတွေကို စက္ကူလိပ်တွေ၊ ဘီးလုံးတွေကြားမှာ ဝှက်ထားတာဖြစ်ပါတယ်။

စံချိန်တင် မူးယစ်ဆေးဝါး သိမ်းဆည်းရမိမှုမှာ ဒေသခံ ကာမိုရာရာဇဝတ်ဂိုဏ်းတွေ ပါဝင်နေသလားဆိုတာ အီတလီရဲအရာရှိတွေက စုံစမ်းစစ်ဆေးနေပါတယ်။ Captagon ဆေးဟာ အရှေ့အလယ်ပိုင်းဒေသ၊ အထူးသဖြင့် အာရပ်ပင်လယ်ကွေ့နိုင်ငံတွေရဲ့ လူငယ်တွေအပေါ် အများဆုံးလွှမ်းမိုးနိုင်တဲ့ ဆေးတစ်မျိုးဖြစ်ပြီး အဲဒီဆေးတွေကို ဆီးရီးယားနိုင်ငံက အများဆုံး ထုတ်လုပ်၊ တင်ပို့နေတယ်လို့ ယုံကြည်ထားပါတယ်။ ဆာလာနိုဆိပ်ကမ်းမှာ သိမ်းဆည်းရမိတဲ့ ဆေးပြားပမာဏက ဥရောပဈေးကွက်တစ်ခုလုံးအတွက် လုံလောက်စေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top