ကလေးတစ်ယောက်နဲ့ မျောက်ဝံတစ်ကောင်

26.5.2023-yyl-1.jpg

၁၉၃၁ ခုနှစ်မှာ တိရစ္ဆာန်စိတ်ပညာရှင် လင်မယားနှစ်ယောက်က သူတို့ရင်သွေး သားငယ်လေးကို မျောက်ဝံတစ်ကောင်နဲ့အတူ ထားပြီး စမ်းသပ်မှုလုပ်ခဲ့ကြပါတယ်။ ဒေါ်နယ်လို့ အမည်ရတဲ့ ကလေးငယ်က ၁၀ လအရွယ်ရှိပြီး ဂူအာလို့ အမည်ပေးထားတဲ့ မျောက်ဝံမလေးကတော့ ၇ လခွဲ အရွယ်ပါ။ သက်ရှိတွေရဲ့ ဖွံ့ဖြိုးကြီးပြင်းမှုမှာ ပတ်ဝန်းကျင်က ဘယ်လောက်အထိ လွှမ်းမိုးနိုင်စွမ်းရှိလဲဆိုတာကို စမ်းသပ်လေ့လာခဲ့တာ ဖြစ်ပါတယ်။

မျောက်ဝံမလေး ဂူအာက လူတွေကို အဝတ်အစား၊ အနံ့နဲ့ မှတ်သားလေ့ရှိပြီး ဒေါ်နယ်ကတော့ လူတွေကို မျက်နှာပုံသဏ္ဍာန်နဲ့ ခွဲခြားမှတ်သားတာ တွေ့ရပါတယ်။ ဒေါ်နယ်က ၁၆ လသားအရွယ်မှာ စကားလုံးတွေ ပြောနိုင်လာပေမဲ့ ဂူအာကတော့ ဝူးဝူးဝါးဝါးပဲ အသံပြုတတ်ပါတယ်။ စမ်းသပ်မှု ၉ လအကြာမှာတော့ ဒေါ်နယ်က စကားမပြောဘဲ ဂူအာလို အသံမျိုး လုပ်လိုက်နေတာကြောင့် စိတ်ပညာရှင် လင်မယားက သူတို့ရဲ့စမ်းသပ်မှုကို အဆုံးသတ်ခဲ့ပါတယ်။

ကယ်လော့ဇနီးမောင်နှံက ဂူအာကို မျောက်ဝံထိန်းသိမ်းရေးစခန်း ပြန်ပို့ခဲ့ကြပါတယ်။ ဂူအာဟာ ဒေါ်နယ်နဲ့ခွဲပြီး တစ်နှစ်မပြည့်ခင်မှာပဲ အဆုတ်ရောင်ရောဂါကြောင့် သေဆုံးသွားခဲ့ပါတယ်။ ဒေါ်နယ်ကတော့ အသက် ၄၃ နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

Ref: Gua and Donald

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top