ကွယ်လွန်သူမိခင်ဖြစ်သူအတွက် တာ့ဂျ်မဟာရ်နဲ့ပုံစံတူ ဂူဗိမာန်ကို ငွေအများကြီးအကုန်ကျခံကာ တည်ဆောက်ခဲ့သူ

19.6.2023-yyl67.jpg

အိန္ဒိယနိုင်ငံက အသက် ၄၉ နှစ်အရွယ် အမ်ရူဒီ ရှက် ဒါဝုဆိုသူအမျိုးသားဟာ ကွယ်လွန်သူ မိခင်ဖြစ်သူ ဂျိုင်လာနီ ဘီဘီကို အောက်မေ့တသတဲ့အနေနဲ့ အထိမ်းအမှတ်အဆောက်အဦး တာ့ဂျ်မဟာရ်နဲ့ပုံစံတူကို ဆောက်လုပ်ခဲ့ပါတယ်။ ရာဇဌာန်ပြည်နယ်က တင်သွင်းတဲ့ စကျင်ကျောက် တန်ချိန် ၁၀၀ နဲ့ ရူပီး ၁၅၆ သန်း (ကန်ဒေါ်လာ ၁၉၀၁၃၂၆) အကုန်အကျခံပြီး မဒရပ်ပြည်နယ်က တစ်ဧက ကျယ်ဝန်းတဲ့မြေကွက်ပေါ်မှာ တာ့ဂျ်မဟာရ်နဲ့ ပုံစံတူဂူဗိမာန်ကို ဖန်တီးခဲ့တာပါ။

တာ့ဂျ်မဟာရ်နဲ့ပုံစံတူဂူဗိမာန်က ၁.၂ မီတာပလက်ဖောင်းပေါ်မှာ ၁၂ မီတာ မြင့်ပြီး အကျယ်က ၃၃ မီတာလောက်ရှိပါတယ်။ ၂၀၂၀ ခုနှစ်မှာ မိခင်ဖြစ်သူ နှလုံးရောဂါနဲ့ ရုတ်တရက်သေဆုံးသွားပြီးတဲ့နောက် အမ်ရူဒီက မိခင်ဖြစ်သူကို ရိုးရာသင်္ချိုင်းတစ်ခုနဲ့ သင်္ဂြိုဟ်မယ့်အစား အောက်မေ့ဖွယ်အနေနဲ့ ဂူဗိမာန်ကို ဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Ref: Indian Man Spends Over Rs. 156 Million to Build Replica Taj Mahal with Mosque to Honour his Mother

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top