အမေရိကန်ပြည်သူတွေနဲ့ အမြဲတမ်း တစ်သားတည်းဖြစ်စေရမယ်လို့ သမ္မတသစ် ဂျိုးဘိုင်ဒင် ကတိပြု

21-1-2021-yyl-09.jpg

အမေရိကန်ပြည်သူတွေနဲ့ အမြဲတမ်း တစ်သားတည်းဖြစ်စေရမယ်လို့ အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်က ကျမ်းသစ္စာကျိန်ဆိုပွဲမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ” ဘုရားနဲ့ ပြည်သူအားလုံးကို တိုင်တည်ပြီး ပြောတာပါ။ ကျွန်တော်က အမြဲတမ်း အမေရိကန်ပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်ရစေမယ်။

အခြေခံဥပဒေ၊ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနဲ့ အမေရိကကို ကာကွယ်သွားမှာပါ။ အာဏာကို မတွေးဘဲ ဖြစ်နိုင်ခြေအလားအလာကို တွေးပြီး ပြည်သူအားလုံးအတွက် ကျွန်တော့်ရဲ့တာဝန်ကို အစွမ်းကုန် ထမ်းရွက်သွားမှာပါ။ ကိုယ်ကျိုးကို မတွေးဘဲ ပြည်သူ့အကျိုးအတွက် ထမ်းရွက်သွားပါမယ်။ မျှော်လင့်ချက်၊ အကြောက်တရားကင်းမဲ့မှု၊ စည်းလုံးညီညွတ်မှု၊ စိတ်ဝမ်းမကွဲပြားမှုဆိုတဲ့ အမေရိကန်နိုင်ငံအကြောင်းကို ကျွန်တော်တို့အားလုံး ပါဝင်ရေးသားသင့်ပါတယ်” လို့ ဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။

အသက် ၇၈ နှစ်ရှိတဲ့ ဂျိုးဘိုင်ဒင်ဟာ အမေရိကန်နိုင်ငံသမိုင်းရဲ့ ၄၆ ယောက်မြောက် သမ္မတ၊ ကျမ်းသစ္စာကျိန်ဆိုချိန်မှာ အသက်အကြီးဆုံး သမ္မတ ဖြစ်လာခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top