COVID-19 ရောဂါကာကွယ်ဆေး အသင့်ဖြစ်မယ့်အချိန်ကို ဒေါ်နယ်ထရမ့် ထုတ်ပြော

4-5-2020-yyl-008.jpg

၂၀၂၁ ခုနှစ်မတိုင်ခင် အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါကာကွယ်ဆေး ရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သိပ္ပံပညာရှင်တွေက COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ အပြိုင်ကြိုးပမ်းနေပေမဲ့ ၂၀၂၁ ခုနှစ်ရောက်မှ ကာကွယ်ဆေးတွေ ဖြန့်ဖြူးနိုင်လိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်အများစုက မျှော်လင့်ထားပါတယ်။

” ဒီနှစ်ကုန်ကျရင် ကျွန်တော်တို့ ကာကွယ်ဆေးရလိမ့်မယ်လို့ စိတ်ချယုံကြည်ပါတယ်။ ဆရာဝန်တွေကတော့ ခင်ဗျား ဒီလိုမပြောသင့်ဘူးလို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော်ထင်တာ ကျွန်တော် ပြောမှာပဲ”လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ COVID-19 ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ အမေရိကန်နိုင်ငံမှာ ကူးစက်ခံရသူ ၁.၂ သန်းနီးပါးရှိနေပြီး သေဆုံးသူ ၆၈၅၉၈ ယောက် ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top