ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေတွင် ထည့်ဝင်လှူဒါန်းရန် ဖိတ်ခေါ်

6-1-2021-yyl24.jpg

COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေတွင် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများနှင့် ပြည်သူများ အားလုံး ထည့်ဝင်လှူဒါန်းနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဏာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဖိတ်ခေါ်အသိပေး ထုတ်ပြန်ကြေညာလိုက်သည်။

ကိုဗစ်ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရန်အတွက် ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်က ဖွဲ့စည်းထားပြီးဖြစ်ရာ ယင်းကော်မတီမှ မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)တွင် ရန်ပုံငွေစာရင်းများ ဖွင့်လှစ်ထားသည်။

ထိုသို့ဖွင့်လှစ်ရာ၌ နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 တွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နှင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733 တွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေကျပ် သန်း ၁၀၀၀ တို့ကို စတင်ထည့်သွင်းထားသည်။

နိုင်ငံခြားငွေစာရင်းအမှတ်တွင် မည်သည့်နိုင်ငံခြားငွေအမျိုးအစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင်ပြီး မြန်မာကျပ် ငွေစာရင်းတွင် မြန်မာကျပ်ငွေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ချက်မှတစ်ဆင့် အသိပေးကြေညာလိုက် ထားသည်။

ယခုကဲ့သို့ လှူဒါန်းလိုသူများအနေဖြင့် ညွှန်ကြားရေးမှူးချုပ် ၀၆၇ ၃၄၁၀၁၅၆၊ ငွေတိုက်ဦးစီးဌာန ၀၆၇ ၃၄၁၀၁၅၈ စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ကြောင်း သိရသည်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top