ပါးစပ်ပေါက်ကျယ်လွန်းလို့ ကမ္ဘာ့ဂင်းနက်စ်စံချိန် ၂ ခု ချိုးထားတဲ့ အမျိုးသမီး

2.8.23-yyl-1.jpg

ဆာမန်သာ ရမ်စ်ဒယ်ဆိုသူက မက်ဒေါ်နယ်မုန့်တွေလို မုန့်ပမာဏအများကြီးကို တစ်လုပ်တည်းစားနိုင်တဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးသူပါ။ တကယ်တော့ အဲဒီအမျိုးသမီးက ပါးစပ်ပေါက်ကျယ်လွန်းတာကြောင့် ကမ္ဘာ့ဂင်းနက်စ်စံချိန် ၂ ခုကို ကိုင်ဆောင်ထားတာပါ။

အသက် ၃၃ နှစ်အရွယ် ဆာမန်သာက ၂၀၂၁ ခုနှစ်မှာ သူ့ရဲ့ပါးစပ်ကို အကျယ်ကြီးဟနိုင်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ချိုးခဲ့တယ်။ အဲ့ဒီစံချိန်ချိုးပြီး ၁ နှစ်အကြာ ၂၀၂၂ ခုနှစ်မှာ နောက်ထပ်စံချိန်တစ်ခုကို ချိုးခဲ့ပြန်ပါတယ်။

TikTok ဖော်လိုဝါ ၃ သန်းရှိတဲ့ ဆာမန်သာက ဒီစံချိန် ၂ ခုချိုးထားတယ်ဆိုတာကို မှတ်တမ်းနဲ့တကွ ထုတ်ပြခဲ့တာပါ။ ပထမဆုံးစံချိန်မှတ်တမ်းမှာ”ပါးစပ်အဟနိုင်ဆုံး (အမျိုးသမီး) က ၆.၅၂ စင်တီမီတာ (၂.၅၆ လက်မ) ဖြစ်ပြီး အမေရိကန်က ဆာမန်သာ ရမ်စ်ဒယ်က ၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့မှာ ဒီစံချိန်ကို ရရှိထားတယ်”လို့ ဖော်ပြထားပါတယ်။

နောက်ထပ်စံချိန်မှတ်တမ်းမှာ “ပါးစပ်ပေါက်အကျယ်ဆုံး (အမျိုးသမီး) က ၁၀.၃၃ စင်တီမီတာဖြစ်ပြီး ဆာမန်သာ ရမ်စ်ဒယ်က ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၉ မှာ ဒီစံချိန်ကို ပိုင်ဆိုင်ထားပါတယ်” လို့ ဖော်ပြထားပါတယ်။

Ref: Woman who holds Guinness World Record for largest mouth gape has now broken a second one

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top