တရုတ်နိုင်ငံကို ကျော်ဖြတ်ပြီး COVID-19 ကူးစက်ခံရသူအများဆုံးဖြစ်လာတဲ့ အမေရိကန်နိုင်ငံ

yyl-chinese01.jpg

အမေရိကန်နိုင်ငံဟာ COVID-19 စတင်ကူးစက်ပျံ့နှံ့ရာ တရုတ်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ခံရသူအများဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဂျွန်ဟော့ကင်းတက္ကသိုလ်က အခုနောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၈၅၅၀၀ ဦးရှိပြီး တရုတ်နိုင်ငံမှာ ကူးစက်ခံရသူ ၈၁၇၈၂ ယောက်၊ အီတလီနိုင်ငံမှာ ကူးစက်ခံရ သူ ၈၀၅၈၉ ယောက် ရှိနေပါတယ်။ မကြာခင်အချိန်အတွင်း အမေရိကန်နိုင်ငံသားတွေ လုပ်ငန်းခွင် ပြန်ဝင်နိုင်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ခန့်မှန်းခဲ့ပြီးနောက်မှာ အခုလို ကိန်းဂဏန်းးအချက်အလက်တွေ ထွက်ပေါ်လာခဲ့တာပါ။

အမေရိကန်နိုင်ငံမှာ စစ်ဆေးမှုအကြိမ်ရေ များလွန်းလို့ ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူ အများဆုံးနိုင်ငံ ဖြစ်လာတာလို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ”တရုတ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ဘယ်လောက်ရှိလဲ ဆိုတာ ခင်ဗျားတို့မသိနိုင်ဘူး”လို့ ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၅၀ လုံးမှာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပြီဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာ စစ်ဆေးမှုအကြိမ်ရေ ၅၅၂၀၀၀ ကျော် လုပ်ခဲ့တယ်လို့ ဒုတိယသမ္မတမိုက်ပန့်စ် ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၁၃၀၀နီးပါး ရှိနေပြီး တရုတ်နိုင်ငံမှာ သေဆုံးသူ ၃၂၉၁ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top