သရုပ်ဆောင်အလုပ်ထက် အဆိုနဲ့အကကို ပိုစိတ်ဝင်စားတဲ့ အက်ရှင်မင်းသားကြီးဒွန်နီယန်းရဲ့သမီး

9.3.2023-yyl-iamge-12.jpg

ဟောင်ကောင်ထိပ်တန်းအက်ရှင်မင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒွန်နီယန်းမှာ ကလေး (၃) ယောက်ရှိတာပါ။ ရည်းစားဟောင်းနဲ့ ရထားတဲ့ သားတစ်ယောက်အပြင် လက်ရှိဇနီးနဲ့ရထားတဲ့ သမီးတစ်ယောက်၊ သားတစ်ယောက်လည်းရှိပါတယ်။ အခု သူ့ကလေးတွေထဲက တစ်ဦးတည်းသောသမီးလေးအကြောင်းကို စာဖတ်ပရိသတ်တွေကို မျှဝေပေးချင်ပါတယ်။

ဒွန်နီရဲ့တစ်ဦးတည်းသောသမီးလေးက ဂျက်စမင်ယန်းပါ။ ဂျက်စမင်ယန်းကို မော်ဒယ် ဆစ်စီဝမ်နဲ့ရပြီး ၂၀၀၄ ခုနှစ် ဇန်နဝါရီလမှာ မွေးဖွားခဲ့တာပါ။ ဂျက်စမင်ရဲ့မောင်လေး ဂျိမ်းစ် ဝမ်ယန်းကိုတော့ ၃ နှစ်အကြာ ဒီဇင်ဘာ ၂၀၀၇ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ ဂျက်စမင်ဟာသူ့အဖေက သရုပ်ဆောင်၊ သူ့အမေက မော်ဒယ်ဖြစ်ပေမဲ့ အခြားအရာအပေါ် ပိုပြီးစိတ်ဝင်စားပုံရပါတယ်။

ဂျက်စမင်က သူ့မိဘတွေလိုမဟုတ်ဘဲ အဆိုနဲ့အကမှာ ပိုပြီးစိတ်ပါဝင်စားတာပါ။ သူ့ရဲ့အကစွမ်းရည်ကို ပွဲတော်တော်များများမှာ ပြသခဲ့ဖူးပါတယ်။ သူ့ရဲ့ ၁၇ နှစ်ပြည့်မွေးနေ့ပွဲတုန်းကပေါ့။ Goteo သီချင်းနဲ့ ၂ မိနစ်စာအကဖျော်ဖြေမှုကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ပြီး ပြသခဲ့တာပါ။ သူက ဘရစ်တနီစပီယားနဲ့ ဒူအာ လီပါတို့ရဲ့သီချင်းတွေကို ကရတာကြိုက်တယ်လို့လည်း သိရပါတယ်။

သူ့ရဲ့အဆိုစွမ်းရည်ကိုတော့ ၂၀၁၇ ခုနှစ်က Save the Children နှစ်ပတ်လည်ညစာစားပွဲမှာ ပြသခဲ့တာပါ။ အဲ့ပွဲမှာ အဆိုတော်ဝှစ်တနီ ဟယူစတန်ရဲ့ Greatest Love of All သီချင်းနဲ့ ဖျော်ဖြေပေးခဲ့တာပါ။ သူက သီချင်းလည်းရေးတတ်ပါတယ်။ သူ့ရဲ့အဘိုးအတွက် No Man Could အမည်ရတဲ့ သီချင်းတစ်ပုဒ်ကို ရေးခဲ့ပြီး စန္ဒယားနဲ့ သီဆိုခဲ့ပါတယ်။

သူ့ရဲ့အဆိုနဲ့အရေးစွမ်းရည်တွေကြောင့် ၂၀၂၂ ခုနှစ် မေလက Berklee College of Music ကနေ ပညာသင်ဆု လက်ခံရရှိခဲ့ပါတယ်။ သူ လျှောက်ခဲ့တဲ့ ကောလိပ်တိုင်းက သူ့ကို လက်ခံခဲ့ပေမဲ့ သူ့အသက် ၁၅ နှစ်ကတည်းက Berklee ဟာ သူ့ရဲ့ရွေးချယ်မှုဖြစ်ခဲ့တယ်လို့ သူ့အမေရဲ့ပြောစကားအရသိရပါတယ်။ ဂျက်စမင်က Cosmopolitan Hong Kong နဲ့ Vogue Taiwan မဂ္ဂဇင်းတွေမှာလည်း မော်ဒယ်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ သူ့ရဲ့မိဘတွေကတော့ သူ လုပ်ဆောင်နေတဲ့အရာတွေအပေါ် ဂုဏ်ယူလို့နေပါတယ်။

Ref: Donnie Yen’s Daughter Jasmine Yen Is A Singer-Songwriter And Dancer

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top