စစ်ဘေးဒဏ်ခံ မိဘမဲ့ဘဝကနေ နာမည်ကျော်ဘဲလေးကချေသည် ဖြစ်လာသူ

9.3.2023-yyl-iamge-23.jpg

”စစ်ဘေးဒဏ်ခံ မိဘမဲ့ဘဝကနေ နာမည်ကျော်ဘဲလေးကချေသည် ဖြစ်လာသူရဲ့ အမြင့်ပျံခရီးစဉ်”တဲ့။ ဒီစာအုပ်က မီချယ်လာဒီပရင့်အကြောင်း ရေးထားတာ။ မီချယ်လာဒီပရင့်ဆိုတာ ဆီရီယာလီယွန် ပြည်တွင်းစစ်မှာ အဖေ အသတ်ခံရ၊ အမေက အစာရေစာ ငတ်ပြတ်ပြီး အဖျားရောဂါနဲ့ ကွယ်လွန်ခဲ့လို့ မိဘမဲ့ဘဝ ရောက်ခဲ့ရသူ။

သူ့ဦးလေးက သူ့ကို မိဘမဲ့ဂေဟာ ပို့လိုက်တယ်။ အာဟာရပြတ်လပ်လို့ ပိန်လှီနေရတဲ့အထိ ခရုသင်းစွဲလို့ ” မကောင်းဆိုးဝါး” ဆိုပြီး စွပ်စွဲခံရသေးတယ်။ ဒါဟာ အာဖရိကရဲ့ လွဲမှားတဲ့အယူအဆတစ်ရပ်ပဲ။ နောက်တော့ သူ နေတဲ့ မိဘမဲ့ဂေဟာ ဗုံးကြဲခံရလို့ မီချယ်လာက ဒုက္ခသည်စခန်းကို ထွက်ပြေးရတယ်။ ဒါတွေက အသက် ၄ နှစ်မပြည့်ခင် မီချယ်လာ တွေ့ကြုံခံစားခဲ့ရတဲ့ ဒုက္ခတွေပါပဲ။

၄ နှစ်သမီးအရွယ်မှာ အမေရိကန်လင်မယားနှစ်ယောက်က သူ့ကို မွေးစားလိုက်လို့ အမေရိကန်ကို ပါသွားတယ်။ ဆီရီယာလီယွန်မှာ နေတုန်းက သူ သိမ်းထားတဲ့အရာလေးတစ်ခုရှိတယ်။ အဲဒါ မဂ္ဂဇင်းမျက်နှာဖုံးလေး တစ်ခုပဲ။ ဘဲလေးကချေသည်ပုံလေးကို သူ အင်မတန်သဘောကျတယ်လေ။ ပင်ဆယ်ဗေးနီးယားပြည်နယ်က အကကျောင်းမှာ အကသင်တယ်။

Youth America Grand Prix ဝင်ပြိုင်ရင်း အမေရိကန်ဘဲလေးအကကျောင်းမှာ ပညာသင်ဆုရတယ်။ အခုတော့ ကမ္ဘာကျော် ဘဲလေးကချေသည်ဖြစ်နေပါပြီ။ သူ့ရဲ့အတ္တုပ္ပတ္တိစာအုပ်ကို မက်ဒေါနားက ဒါရိုက်တာအဖြစ် ရုပ်ရှင်ပြန်ရိုက်နေတယ်။

Ref: Michaela DePrince

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top