ဝန်ထမ်းအားလုံးကို ဘောနပ် ဒေါ်လာ ၃၁၆၀ စီ ပေးသွားမယ့် Red Bull အချိုရည်ကုမ္ပဏီ သူဌေး

23.10.23-yyl-1.jpg

ကုမ္ပဏီတော်တော်များများက ဘောနပ်ပေးတဲ့ အချိန်အခါရောက်ရှိလာပြီမို့ Red Bull အချိုရည်ရဲ့ ဝန်ထမ်းတွေကလည်း ဘောနပ်တွေ အများကြီးရရှိတော့မှာပါ။ Red Bull အချိုရည်ရဲ့သူဌေးမက်ခ် မာတီစ်ရှစ်ဟာ ခရစ္စမတ်ကာလမတိုင်ခင် သူ့ရဲ့ဝန်ထမ်းတွေကို ဘောနပ်ပေးသွားမှာပါ။ အောက်တိုဘာလကုန်ကျ ဝန်ထမ်းတွေအားလုံးက ဘောနပ်ဒေါ်လာ ၃၁၆၀ စီရရှိသွားမှာပါ။

“အခုနှစ်မှာ မင်းတို့ကို ဒါကို အသိပေးရတာ ဝမ်းသာမိတယ်။ ၂၀၂၄ ခုနှစ်မှာ လစာရာခိုင်နှုန်းတိုးမယ့်အပြင် ၂၀၂၃ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုအတွက် လျော်ကြေးပေးဖို့ ဩစတြီးယားမှာ အလုပ်လုပ်တဲ့လူတိုင်း ဘောနပ်ရရှိသွားမှာပါ”လို့ Email ပေးပို့ပြီး ကြေညာခဲ့တာပါ။ ၂၀၂၃ ခုနှစ်မှာ Red Bull က ရောင်းအား ၂၃ ရာခိုင်နှုန်းတိုးလာခဲ့ပြီး အမြတ်ငွေ စတာလင်ပေါင် ၈.၄ ဘီလျံရရှိခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ် Red Bull သူဌေး မက်ခ်ဟာ ဥရောပရဲ့ဘီလျံနာအသစ်တွေထဲက တစ်ဦးဖြစ်ပြီး ၃၇ ဦးမြောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာမှာ သူ့ရဲ့ဖခင် သေဆုံးသွားပြီးနောက် အချိုရည်ကုမ္ပဏီရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို အမွေဆက်ခံခဲ့တာပါ။

Ref: Billionaire boss surprises all employees with £2,600 bonuses

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top