ဖိလစ်ပိုင်နိုင်ငံမှာ ကူးတို့သင်္ဘော မီးလောင်လို့ အနည်းဆုံး လူ ၂၈ ဦး သေဆုံး

30.3.2023-yyl-iamge-14.jpg

ဖိလစ်ပိုင်နိုင်ငံမှာ ခရီးသည်တင် ကူးတို့သင်္ဘော မီးလောင်လို့ ကလေးငယ် ၃ ဦး အပါအဝင် အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့ပါတယ်။ MV Lady Mary Joy 3 ကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညမှာ လေအေးပေးစက် တပ်ဆင်ထားတဲ့အခန်းကနေ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ ဘာကြောင့် မီးစတင်လောင်ကျွမ်းလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒီဖြစ်ရပ်မှာ လူ ၂၃၀ ကို ကယ်တင်နိုင်ခဲ့ပြီး ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲပါ။

ကူးတို့သင်္ဘောပေါ်မှာ လိုက်ပါလာသူ အရေအတွက် အတိအကျ မသိရလို့ ပျောက်ဆုံးနေသူ ဘယ်လောက် ရှိနေလဲဆိုတာကိုလည်း မသိရပါဘူး။ ကူးတို့သင်္ဘော မီးမလောင်ခင် ပေါက်ကွဲသံအကျယ်ကြီး ကြားခဲ့ရပြီး နောက်ထပ်ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့တယ်လို့ အသက်ရှင်လွတ်မြောက်လာသူတစ်ဦးက ဆိုပါတယ်။

Ref: Dozens killed in blaze on Philippines ferry

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top