ကလေးသူငယ်မွေးစားစောင့်ရှောက်မှုစနစ်အကြောင်း အသိပညာဝေမျှဖို့ ပြည်နယ် ၅၀ လုံးကို လမ်းလျှောက်သွားနေတဲ့ အမြွှာညီအစ်ကို

11.5.2023-yyl-7.jpg

တောင်ကယ်ရိုလိုင်းနားက အမြွှာညီအစ်ကိုဟာ ပြည်နယ် ၅၀ လုံးမှာ ကလေးမွေးစားစောင့်ရှောက်မှုစနစ်အကြောင်း အသိပညာတွေ မြှင့်တင်ပေးနေပါတယ်။ ဒါဗွန်နဲ့တာဗွန်ဝုဒ်စ်လို့ အမည်ရတဲ့ အဲဒီအမြွှာညီအစ်ကိုက ကလေးသူငယ်မွေးစားစောင့်ရှောက်ရေးမှာ ကြီးပြင်းလာတဲ့ လူငယ်တွေအတွက် အသိပညာမျှဝေပေးဖို့အတွက် ပြည်နယ်တိုင်းမှာ မိုင် ၂၀ ခြေလျင်လျှောက်နေပါတယ်။ သူတို့ညီအစ်ကိုက ပြည်နယ် ၂၀ ကျော် ဖြတ်ကျော်ခဲ့ပြီးပါပြီ။ တစ်နိုင်ငံလုံးမှာ သူတို့ရဲ့သတင်းစကား မရောက်မချင်း ရပ်တန့်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ယာယီမွေးစားစောင့်ရှောက်မှုခံခဲ့ရတဲ့ သူတို့ညီအစ်ကိုဟာ သူတို့ရဲ့အတွေ့အကြုံကို လှုံ့ဆော်မှုအဖြစ် ပြောင်းလဲနေတာပါ။ သူတို့က မွေးစားကလေးတွေအတွက် ပံ့ပိုးပေးတဲ့ အဖွဲ့အစည်း Foster Kids Matter ကို တည်ထောင်ခဲ့တာပါ။ သူတို့ညီအစ်ကိုက ကြီးပြင်းလာရင်း အချစ်ဆိုတာဘာလဲမသိခဲ့သလို ချစ်တယ်လို့ တစ်ခါမှ မကြားခဲ့ဖူးဘူး။ အရမ်းနာကျင်ခဲ့ရတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့အတိတ်ကို အနိုင်ယူခွင့်မပေးဘဲ ကမ္ဘာတစ်ဝှမ်းက ကလေးတွေကို လှုံ့ဆော်မှုပေးဖို့ လုပ်ဖြစ်ခဲ့တယ်။

ဒါဗွန်နဲ့တာဗွန်ဝုဒ်စ်ရဲ့အဆုံးမရှိရည်မှန်းချက်က အရည်အသွေးမြင့်တဲ့ မွေးစားစောင့်ရှောက်ရေးအဆောက်အအုံတွေ ဖွင့်လှစ်ဖို့နဲ့ အသက်အရွယ်ရလာလို့ ယာယီမွေးစားစောင့်ရှောက်ရေးစနစ်အပြင် ရောက်နေတဲ့ လူငယ်တွေအတွက် အိမ်ရာတွေ ဖန်တီးပေးဖို့ပါပဲ။

မွေးစားကလေးတွေ အချစ်ခံရသလို၊ ထောက်ပံ့ခံရသလို ခံစားရအောင် သူတို့လုပ်ပေးနေတဲ့ အခြားနည်းလမ်းက သူတို့ရဲ့ Keeping It Fresh ပရိုဂရမ်ကတဆင့်ပါ။ ဒီပရိုဂရမ်က မွေးစားကလေးတွေအတွက် ဖိနပ်အသစ်တွေ ပေးဖို့ မွေးစားစောင့်ရှောက်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထားတာပါ။
ဒီဇိုင်နာကုန်အမှတ်တံဆိပ်တွေက ဒါဗွန်နဲ့တာဗွန်တို့ရဲ့ရည်မှန်းချက်ရောက်အောင် ကူညီဖို့အတွက် Foster Kid Matter ကို ဒေါ်လာ ၁၀၀၀၀ လှူဒါန်းပေးခဲ့ပါတယ်။

Ref: Twins walking 20 miles in all 50 states to raise awareness about foster care system

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top