Vivo Myanmar နဲ့ PUBG Mobile တို့ ပါတနာအဖြစ် ပူးပေါင်း

PUBG-Title-Sponsor-1.jpg
Vivoက  ကမ္ဘာတစ်ဝှမ်းမှာ ဦးဆောင်နေတဲ့ Mobile Game တစ်ခုဖြစ်တဲ့ Player Unknown’s Battlegrounds Mobile (PUBG Mobile) က လတ်တလောကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး Mobile Game ပြိုင်ပွဲတစ်ခုဖြစ်တဲ့ PUBG Club Open 2019 မှာ Title sponsor အဖြစ် ပါဝင်မှာဖြစ်တယ်လို့ တရားဝင်ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အဲဒီပြိုင်ပွဲအတွက် Vivo က partnership အနေနဲ့ eSports industry မှာ ဆန်းသစ်တဲ့ Brand တစ်ခုအဖြစ် နေရာယူနိုင်ဖို့ Official Smartphones တွေကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းက ဒေသ (၁၀) ခုမှ ကစားသမားတွေက Prize Pool $2.0 Million USD အတွက် နွေဦး နဲ့ ဆောင်းရာသီမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ PUBG Mobile Club Open 2019 ရဲ့ အရည်အချင်းစမ်းသပ်ပွဲကို ၂၀၁၉၊ မတ်လ (၁၁) ရက်နေ့တွင်စတင်ခဲ့ပါတယ်။ နွေဦးရာသီ Global Finals ပွဲကိုအခုနှစ် ဇူလိုင်လမှာ ကျင်းပမှာဖြစ်ပြီး ဆောင်းရာသီ Global Finals ပွဲကို ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
အဲဒီ Global partnership မှာ Vivo က အခြားဘယ်အရာနဲ့မှ မတူညီတဲ့ True gaming experience ကို ရရှိစေရန်အတွက် ကိုင်ဆောင်အသုံးပြုသူတွေရဲ့ အတွေ့အကြုံကတဆင့် သူတို့ရဲ့ Ultra-smooth gaming experience ကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top