မောင်နှံစုံတွဲများအတွက် Partners for Life အစီအစဉ်ကို Samsung က မိတ်ဆက်

2-6-2022-yyl08.jpg

Samsung Electronics Co. Ltd က မြန်မာနိုင်ငံတစ်ဝန်းမှ ဇနီး‌မောင်နှံများနှင့် ချစ်ခင်မြတ်နိုးစရာ မောင်နှံစုံတွဲများ အတွက် စိတ်လှုပ်ရှားစရာ ဆုလက်ဆောင်များစွာ ပါဝင်သည့် အမှတ်တရအစီအစဉ်အသစ် “Partners For Life” အား စတင်မိတ်ဆက်ခဲ့သည်။ Samsung ၏ “Partners For Life” အစီအစဉ်အား ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့ အထိကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။ ယခုအစီအစဉ်တွင် ပါဝင်ဆင်နွှဲလိုသူများအနေဖြင့်အောက်ပါ အဆင့် (၃) ဆင့်အား လုပ်ဆောင်ခြင်းဖြင့် စိတ်လှုပ်ရှားဖွယ်ရာဆုလက်ဆောင် များအား ရယူခံစားနိုင်မည်ဖြစ်သည်။

အဆင့် (၁) – မိမိတို့၏ စုံတွဲဓာတ်ပုံ (သို့မဟုတ်) ဓာတ်ပုံများ အား မိမိ၏ ကိုယ်ပိုင် Facebook စာမျက်နှာတွင် Public နှင့် တင်ပါ။
အဆင့် (၂) – မိမိတို့ နှစ်ဦး ပထမဆုံးတွေ့ဆုံခြင်းနှင့် ပတ်သက်သည့် အမှတ်တရ အကျဉ်းချုပ်အား Post Caption တွင် ရေးသားဖော်ပြပါ။
အဆင့် (၃) – ဤ hashtags များအားအသုံးပြုပါ။ [#SamsungWedding #PartnersforLife]
အဆင့် (၄) – ဖော်ပြပါ link အောက်တွင် တင်ထားသည့် post အား screenshot ရိုက်၍ comment ရေးရန်။
https://tinyurl.com/yzds92j2

အစီအစဉ်တွင် အနိုင်ရရှိသူ ၅ ဦးအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာမှ ကြေညာပေးသွားမည် ဖြစ်ပြီး ချစ်ခင်ရသူနှင့် အတူတကွ အမှတ်ရဖွယ်ရာ အခိုက်အတန့်များ ဖြတ်သန်းနိုင်စေရန် အတွက် ရန်ကုန်မြို့ Novotel Hotel Deluxe Room တွင် ၁ ညတာတည်းခိုခွင့်နှင့်အတူ Novotel Hotel တွင် ဘူဖေးညစာ တစ်ကြိမ် စားသုံးခွင့်အား Samsung Myanmar မှ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top