ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI) ၏အရှိန်ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် မိုးရွာသွန်းနိုင်

59410344_1286434761511599_3681092950437134336_n.jpg

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနှင့်ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ဖန်နီ” (FANI) ဟာ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ရဲ့ အရှေ့-အရှေ့ တောင်ဘက် (၃၄၅)မိုင်ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam) ရဲ့ အရှေ့တောင်ဘက် မိုင် (၃၇၀) ခန့်၊ ဗီဇာကာပတ္တနမ်မြို့ (Vishakhapatnam) ရဲ့ တောင်-အရှေ့တောင်ဘက် မိုင် (၃၆၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ အဲဒီ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI) ဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားသွားမယ်လို့ ခန့်မှန်းထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI) ဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားသွားမယ်လို့ ခန့်မှန်းထားပါတယ်

မုန်တိုင်းရဲ့အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးမှာ နေရာအနှံ့အပြား၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း(၈၀) ရှိနေပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI) ၏အရှိန်ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် မိုးရွာသွန်းနိုင်

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် (၄၀) အထိ တိုက်ခတ်နိုင်ပါတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအမြင့် (၁၀) ပေမှ (၁၂) ပေခန့်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအမြင့် (၆) ပေမှ (၉) ပေခန့်ရှိနိုင်ပါတယ်။

နောက် (၂) ရက်အတွက်ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မိုးဆက်လက်ထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top