လောကမှာ အခြေခံအားဖြင့်တော့ ကိုယ်တိုင်ကြိုးစားမှသာ အဲဒီကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်ကိုခံစားရမှာ ဖြစ်ပါတယ်။ ဒီသဘောတရားကိုမှ သဘောမပေါက်ဘဲ ကိုယ်တိုင်ကဖြင့် တစက်ကလေးမှမကြိုးစားဘဲ ညံ့ဖျင်းနေပြီး သူတစ်ပါးရဲ့ အသိအမှတ်ပြုလေးစားမှုကိုရယူချင်နေတယ်၊ ပိုပြီးကောင်းမွန်တဲ့အကျိုးခံစားခွင့်တွေကို လိုချင်နေတယ်ဆိုရင်ဖြင့် ဒါအတော်ကို တရားလွန်နေတဲ့ကိစ္စလို့ပဲ ဆိုရမှာပါ။
“ချာသာချာ အသာလိုချင်“ ဆိုတဲ့စကားဟာ ဒီလိုအချောင်လိုချင်တတ်သူတွေရဲ့ သဘောထားကို ဖော်ပြနေတဲ့စကားပုံတစ်ခုပဲ ဖြစ်ပါတယ်။
ကိုးကား ။ ။ “လှသမိန်” ပြုစုသည့် “မြန်မာစကားပုံအဘိဓာန်”