Note 7 ကို ရောင်းချတော့မည် မဟုတ်တော့

samsunggalaxynote7.jpg

Samsung Galaxy Note 7 ကို ရောင်းချတော့မည် မဟုတ်ကြောင်း Samsung မှ တရားဝင် အတည်ပြုကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ ဘက်ထရီအပူလွန်ကဲမှုကြောင့် မီးလောင်မှု ဖြစ်ပြီးနောက် Samsung Galaxy Note 7 ကို ပြန်လည်သိမ်းဆည်းခဲ့ရာ Samsung ရဲ့ သမိုင်းတစ်လျှောက်မှာ ပြန်လည် သိမ်းဆည်းမှု အများဆုံး စမတ်ဖုန်း မော်ဒယ်တစ်ခုဖြစ်ခဲ့ပါတယ်။

အလုံးရေ ၂ သန်းကျော်ကို ကမ္ဘာတစ်လွှားမှာ သိမ်းဆည်းခဲ့ခြင်း ဖြစ်ပါတယ်။ ပထမခြေလှမ်းတုန်းကတော့ သိမ်းဆည်းပြီး ပိုလုံခြုံစိတ်ချရတဲ့ ဗားရှင်းကို ထုတ်မယ်လို့ ကြေငြာခဲ့ခြင်းပါ။ ဒါပေမယ့် ယခု ရက်ပိုင်း ပြန်လည်ထုတ်ပြန်မှုအရ ကတော့ ထုတ်လုပ်မှုကိုပါ ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ စမတ်ဖုန်းရဲ့ လစ်သီယွန်ဆဲလ် ပါဝင်တဲ့ ဘက်ထရီပိုင်းဟာ အဓိက ပြသတာဖြစ်နေခြင်း ဖြစ်ကြောင်း နည်းပညာရှင်များက သုံးသပ်ထားပါတယ်။ လစ်သီယွန်ဆဲလ် ပါဝင်တဲ့ ဘယ်ဖုန်းမဆို မီးလောင်ရန် လောင်စာ တစ်ခုအဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းလောင်စာကို လောင်ကျွမ်းပေါက်ကွဲမှုမရှိအောင် လစ်သီယွန် အရည်သွေးကောင်းကို ပိုမိုအသုံးချနိုင်မှု ၊ အအေးခံစနစ် (လေဝင်)စနစ် ထားရှိမှု၊ Water cooling လိုင်း ထားရှိမှု၊ ဖုန်းကို Restart ခဏခဏ ပြန်လည်ပြုလုပ်ပေးမှု အစရှိသဖြင့် နည်းပညာပေါင်းများစွာနဲ့ ထိန်းသိမ်းခဲ့ပါတယ်။

သက္ကရာဇ် ၂၀၀၀ ခုနှစ်ကနေစလို့ ယနေ့အထိ လစ်သီယွန်ဘက်ထရီပါဝင်တဲ့ စမတ်ဖုန်းမှ ကြီးမားတဲ့ ပေါက်ကွဲလောင်ကျွမ်းမှုဖြစ်ပွားတာဟာ အကြိမ်ရေ ၁၀၀ ကျော်ခဲ့ပြီ ဖြစ်ကြောင်း မှတ်တမ်းတစ်ခုမှလည်း ထုတ်ပြန်ထားပါတယ်။ ဖုန်းအားကို သွင်းထားပြီး ကြိုးပြန်မဖြုတ်တာ ၊ မှားယွင်း၊ အရည်သွေးနိမ့်ပါးတဲ့ ကြိုးကို အသုံးချမှုတို့ဟာလည်း ပေါက်ကွဲလောင်ကျွမ်းမှုကို ဖြစ်စေကြောင်း သိရပါတယ်။

Samsung အနေနဲ့ Galaxy Note 7 ကိုရပ်တန့်လိုက်ပြီး ပြန်လည် redesign လုပ်ထားတဲ့ ဗားရှင်းနဲ့ ပြန်လာမှာ ဖြစ်ကြောင်း ဆိုထားပါတယ်။ ဒါပေမယ့် ယင်းဟာ Note 7 ပဲလား Note 8 ပဲလားဆိုတာတော့ မသိသေးပါဘူး။

Ref: Mashable “It’s time for Samsung to explain what the hell is wrong with the Note7”

ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top