ရှက်ရွံ့ဖွယ်ရာပို့စ်အဟောင်းတွေကို ဘယ်လိုဖျက်ပစ်ကြမလဲ

friends-commenting-on-social-media-U5936RF.jpg

Friends commenting on social media content

ဟိုးအရင်တုန်းက တင်ခဲ့ဖူးတဲ့ပို့စ်တွေက ကျွန်တော်တို့ကို ပြဿနာတွေ ပေးလာတတ်တာကို တွေးမိဖူးပါသလား။ Guardians of the Galaxy ရဲ့ ဒါရိုက်တာ ဂျိမ်းစ်ဂန်း (James Gunn) က ဟိုးအရင်တုန်းက မုဒိမ်းမှုနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာ တစ်ခုကို နောက်ပြောင်ပြီး တင်ခဲ့ဖူးပါတယ်။ အဲဒီပို့စ်အဟောင်းကြောင့်ပဲ လွန်ခဲ့တဲ့တစ်ပတ်လောက်က အလုပ်ပြုတ်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီလိုအဖြစ်မျိုးတွေက ကင်းဝေးရအောင် အရင်က တင်ခဲ့ဖူးတာတွေကို ရှင်းထုတ်လိုက်ကြရအောင်။

ကိုယ့်ကိုယ်ကို ရှာပါ

Google search box မှာ ကိုယ့်နာမည်ကို ရှာကြည့်လိုက်ပါ။ ဒါဆိုရင်တော့ သင့်နာမည်နဲ့ ဆက်စပ်နေတဲ့ page တွေ၊ profile တွေကို တွေ့နိုင်မှာပါ။ ဆိုရှယ်မီဒီယာတွေကို လုံခြုံတယ်လို့ ထင်နေမိတဲ့ သင့်အမြင်ဟာ မှားနေကြောင်း သိရမှာပါ။

Privacy settings ကို စစ်ဆေးပါ

ဖေ့စ်ဘုတ် Settings ထဲကတစ်ဆင့် Privacy ထဲဝင်ပြီး ကိုယ်ဘာတွေ လုပ်ခဲ့လဲဆိုတာ ကြည့်ကြည့်ပါ။ ကိုယ့်ရဲ့ပို့စ်တွေကို ဘယ်သူတွေပဲ ကြည့်လို့ရမယ် အစရှိတာမျိုးတွေ ပြင်ဆင်သတ်မှတ်ပေးနိုင်ပါတယ်။

ပို့စ်အဟောင်းတွေကို ဖျက်ပစ်ပါ

ဖေ့စ်ဘုတ်မှာ ကိုယ့်ရဲ့အချက်အလက်တွေကို ဒေါင်းလော့လုပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ အဲဒီထဲကမှ မကြိုက်တာတွေရှိရင် ဖေ့စ်ဘုတ်ထဲသွားပြီး ဖျက်ပစ်နိုင်ပါတယ်။

unlike, unfriend နဲ့ unfollow

ကိုယ့်ရဲ့ဖေ့စ်ဘုတ် profile ထဲ သွားပြီး ဘယ်သူတွေ၊ ဘယ် page တွေကို like လုပ်မိထားလဲ၊ ဘယ်သူတွေနဲ့ friend လုပ်မိထားလဲ၊ ဘာတွေကို follow မိထားလဲ အစရှိတာတွေ သွားရောက်စစ်ဆေးပါ။ ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်စရာ တစ်စုံတစ်ခုတွေ့တာနဲ့ unlike, unfriend နဲ့ unfollow လုပ်ပစ်ဖို့ ဝန်မလေးပါနဲ့။

Group chat တွေမှာ ဘာတွေပြောထားလဲ

Group chats ထဲမှာ သင်ပြောထားတာတွေကို တစ်ယောက်ယောက်ကသာ screenshot ရိုက်ပြီး အင်တာနက်ပေါ် ကောက်တင်လိုက်မယ်ဆိုရင် သင် ဘာမှလုပ်လို့ မရနိုင်တော့ပါဘူး။ အားလုံးသိကြတဲ့အတိုင်း ဒီနေ့ခေတ်မှာ တစ်ခုခုဆို ပျံ့နှံ့တာ အရမ်းမြန်ပါတယ်။ ဒါကြောင့် တစ်ခုခုပြောတော့မယ်ဆိုရင် အထူးသတိထားပါ။

Right to be forgotten

သင်နဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုခုကို ဖျက်ပစ်ထားတယ်ဆိုပါစို့။ ဒါက ရှာတွေ့နိုင်ပါသေးတယ်။ Google ကို request form တင်လိုက်ရင် သူတို့က ရှာဖွေပေးမှာပါ။

Deactivate လုပ်ပါ

ကိုယ် အသုံးမပြုတော့မယ့်အကောင့်တွေကို Deactivate (သို့) Delete လုပ်လိုက်ပါ။ အကောင့်အဟောင်းတွေကို ဒီတိုင်းထားထားခြင်းက သင့်ရဲ့ ပြစ်ချက်ကို ရှာတွေ့ဖို့ပဲ ဖြစ်နိုင်မှာပါ။

Ref : The Telegraph “Seven ways to erase embarrassing old social media posts and clean up your digital footprint”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top