ခွေးမျက်နှာဖုံးဝတ်ဆင်ပြီး “For All the Dogs” အယ်လ်ဘမ်အသစ်အတွက် ပရိုမိုးရှင်းဆင်းနေတဲ့ အဆိုတော် ဒရိတ်

25.7.23-yyl-1.jpg

ကနေဒါရက်ပ်ဂီတအဆိုတော် ဒရိတ်ဟာ မကြာခင်မှာ “For All the Dogs” အယ်လ်ဘမ်အသစ်ထွက်ရှိတော့မှာပါ။ မထွက်ခင် သူ့ကို ခွေးမျက်နှာဖုံးဝတ်ဆင်ပြီး New York City Hotel ကနေ ထွက်လာတာမြင်တွေ့ခဲ့ရပါတယ်။ ဒီခွေးမျက်နှာဖုံးက ဒုတိယတစ်ခုဖြစ်ပါတယ်။ တစ်ပတ်အတွင်း ခွေးမျက်နှာဖုံး ၂ ခု ဝတ်ဆင်ခဲ့တာပါ။

အခုတစ်ခေါက်ကတော့ ဒရိတ်က ခရမ်းရောင်ဘောလုံးအင်္ကျီ၊ ဘောင်းဘီရှည်၊ အဖြူရောင်sneaker တွေကို အဲဒီခွေးမျက်နှာဖုံးနဲ့အတူ ဝတ်ဆင်ထားတာတွေ့ရပါတယ်။ ပထမတစ်ခါမြင်တွေ့ခဲ့ရတာကတော့ ရော့တ်ဝိုင်လာခွေးမျက်နှာဖုံးကို ဝတ်ဆင်ပြီး ဟိုတယ်ကနေ ထွက်လာခဲ့တာပါ။ အဲဒီတုန်းက New York Yankees ဂျာစီ၊ မီးခိုရောင်ဘောင်းဘီတွေကို ဝတ်ဆင်ထားတာပါ။

ခွေးမျက်နှာဖုံးကို ဝတ်တာ ၂ ခါရှိပြီးဖြစ်တဲ့အတွက် သူ့ရဲ့”For All the Dogs” အယ်လ်ဘမ်အသစ်အတွက် ပရိုမိုးရှင်းဆင်းနေတာ သေချာနေပါပြီ။ ပြီးခဲ့တဲ့ကြာသပတေးနေ့က သူ့ရဲ့အယ်လ်ဘမ်အသစ်က ၂ ပတ်အတွင်း ထွက်ရှိမယ်လို့ ဒရိတ်က ပြောထားပါတယ်။ ဒရိတ်နဲ့ အဆိုတော် 21 Savage တို့ရဲ့ Her Loss အယ်လ်ဘမ်က ပြီးခဲ့တဲ့နှစ်နိုဝင်ဘာမှာ ထွက်ရှိထားပါတယ်။

Ref: Drake Wears Dog Mask in N.Y.C. Ahead of ‘For All the Dogs’ Album Release

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top