စည်းကမ်းနဲ့အညီ မောင်းနှင်သူတွေကို ထီဖွင့်ပြီး ဆုပေးခဲ့ဖူးတဲ့ ဆွီဒင်နိုင်ငံ

23.7.23-yyl-19.jpg

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ လမ်းစည်းကမ်း မလိုက်နာတဲ့ ယာဉ်မောင်းတွေကို ဆုပေး၊ ဒဏ်ပေးစနစ် ကျင့်သုံးဖို့ ”မိုင်နှုန်းထီ”ကို စမ်းသပ်ခဲ့ဖူးပါတယ်။ ဆွီဒင်နိုင်ငံ လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ NTF နဲ့ ဂျာမန်ကားကုမ္ပဏီ VW တို့ ပူးပေါင်းဖန်တီးခဲ့တဲ့ အဲဒီအစီအစဉ်မှာ အရှိန်လွန် မောင်းနှင်တဲ့ ယာဉ်မောင်းတွေကို ဒဏ်ငွေ ရိုက်ပြီး အဲဒီငွေကို စုပေါင်းကာ သတ်မှတ်မိုင်နှုန်း (သို့) သတ်မှတ်မိုင်နှုန်းအောက်သာ မောင်းနှင်တဲ့ ယာဉ်မောင်းတွေကို ထီဖွင့်ပေးခဲ့တာပါ။

၂၀၁၀ ပြည့်နှစ် စက်တင်ဘာလနှောင်းပိုင်းမှာ ဒီအစီအစဉ်ကို ၃ ရက်ကြာ စမ်းသပ်ခဲ့တာဖြစ်ပြီး မိုင်နှုန်းထီမှာ အမြင့်ဆုံး ထီဆုကြေး ဆွတ်ခူးခဲ့သူကတော့ ဆွီဒင်နိုင်ငံသုံး ခရိုနာငွေ ၂၀၀၀၀ ရခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မေလနဲ့ ဇွန်လကြားကာလအတွင်း ဆွီဒင်နိုင်ငံရဲ့ မြို့ကြီး ၅ မြို့မှာ မိုင်နှုန်းထီကို ဆက်လက်စမ်းသပ်ခဲ့ပါသေးတယ်။ ဒါဟာ ယာဉ်မောင်းတွေရဲ့ အမူအကျင့် ပြောင်းလဲစေဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒီအစီအစဉ်ကို ဆက်မလုပ်ဖြစ်တော့ပါဘူး။

Ref: Sweden’s ‘speed camera lottery’ hit a red light years ago

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top