နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေကို လျော့ချပေးနိုင်တဲ့ ရေနွေးကြမ်း (၅) မျိုး

unnamed1-1.png

ရေနွေးကြမ်းသောက်သုံးပေးတာကလည်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အလေ့အထတစ်ခုပါပဲ။ အဘိုးအဘွားတွေဆိုရင် မနက်ခင်းအိပ်ရာထလာတာနဲ့ ရေနွေးကြမ်းသောက်တဲ့အလေ့အထက ယနေ့အထိပါပဲ။ ရေနွေးကြမ်းပူပူလေးသောက်ရတာ အရသာရှိတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတဲ့အတွက်ကြောင့်လည်း လူတော်တော်များများကြိုက်ကြတာပါ။ ရေနွေးကြမ်းပူပူလေးတစ်ခွက်ကို တစ်ငုံသောက်လာတာနဲ့ စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ရေနွေးကြမ်းသောက်တဲ့အကျင့်ရှိတဲ့သူက ကျန်းမာစွာနဲ့ အသက်ရှည်ရှည်နေနိုင်ပြီး နာတာရှည်ရောဂါဖြစ်နိုင်ခြေလည်း နည်းတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ရေနွေးကြမ်းက အန်တီအောက်စီဒန့်ပါဝင်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တာပါ။ ဒါကြောင့် နာတာရှည်ရောဂါဖြစ်နိုင်ခြေကို လျော့ချပြီး အသက်ရှည်ရှည်နေနိုင်အောင် ကူညီပေးတဲ့ ရေနွေးကြမ်း (၅) မျိုးကို ဖော်ပြပေးလိုက်ရပါတယ်။

လက်ဖက်စိမ်း

ဒီရေနွေးကြမ်းက ကာတီချင် (catechins) လို့ခေါ်တဲ့ အန်တီအောက်စီဒန့်ဓာတ်ပြည့်ဝတဲ့အတွက် ကင်ဆာ၊ ဆီးချိုရောဂါ အမျိုးအစား (၂) နဲ့ နှလုံးရောဂါတွေလို နာတာရှည်ရောဂါတွေ ဖြစ်မလာအောင် ကူညီပေးနိုင်စွမ်းရှိပါတယ်။ ဒီအန်တီအောက်စီဒန့်ဓာတ်ကလည်း ဉီးနှောက်သွေးကြောပျက်ခြင်းမဖြစ်အောင်လည်း ကူညီပေးနိုင်ပါတယ်။

ချာမိုမိုင်းရေနွေးကြမ်း

ချာမိုမိုင်းရေနွေးကြမ်းက အန်တီအောက်စီဒန့်နဲ့ အန်တီဘတ်တီးရီးရယ်ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ထောက်ပံ့ပေးနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပါတယ်။ အာရုံကြောတွေကို တည်ငြိမ်စေတဲ့အစွမ်းသတ္တိရှိပြီး အစာခြေစနစ်အားလည်း ကောင်းစေပါတယ်။ ဒီရေနွေးကြမ်းမှာ ပါဝင်တဲ့ အန်တီအာက်စီဒန့်ဓာတ်က ကင်ဆာရောဂါတချို့ကို တွန်းလှန်ပစ်နိုင်ပါတယ်။ ချာမိုမိုင်းရေနွေးကြမ်းကို သောက်တဲ့ သူတွေက မသောက်တဲ့သူတွေထက် အသက်ပိုရှည်ရှည်နေနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

ချင်း (ဂျင်း) ရေနွေးကြမ်း

ချင်းကို ရောဂါတွေတွန်းလှန်ဖို့နဲ့ ဖျားနာမှုတွေကို ကုသဖို့ နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ကြတာပါ။ ဒီရေနွေးကြမ်းက ဆီးဝမ်းမကောင်းတာကိုလည်း ကူညီပေးနိုင်စွမ်းရှိပါတယ်။ ကင်ဆာ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတွေလို ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ မအီမသာဖြစ်တာတွေကိုလည်း သက်သာစေနိုင်စွမ်းရှိပါတယ်။ ကိုယ်အလေးချိန်ကျချင်တဲ့သူတွေကိုလည်း အကူအညီဖြစ်စေပြီး ဆီးချိုရောဂါသည်တွေရဲ့သွေးအတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။

ပက်ပါမင့်ရေနွေးကြမ်း

ပက်ပါမင့်ရေနွေးကြမ်းကို အစာခြေစနစ်အတွက် အကျိုးကျေးဇူးပေးနိုင်စွမ်းရှိတယ်လို့ သိထားကြတာပါ။ အူလမ်းကြောင်းသက်သာအောင်၊ လေအောင့် သက်သာအောင် ကူညီပေးတဲ့ မင်သော် (menthol) ဒြပ်ပေါင်းပါဝင်ပါတယ်။ နာတာရှည်ရောဂါဖြစ်တဲ့ ကင်ဆာကို တွန်းလှန်ပေးနိုင်တဲ့ ဓာတ်တွေနဲ့လည်း ပြည့်ဝနေတာပါ။

ခေါင်ရမ်းရေနွေးကြမ်း

ခေါင်ရမ်းရေနွေးကြမ်းက သွေးဖိအားထိန်းညှိပေးတဲ့အခါ အရေးကြီးတဲ့နေရာမှာ ပါဝင်ပါတယ်။ ခေါင်ရမ်းရေနွေးကြမ်းကို (၆) ပတ် ဆက်တိုက်သောက်သုံးမယ်ဆိုရင် သွေးတိုးရောဂါသမားတွေရဲ့သွေးဖိအားကို လျော့နည်းသွားနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ အဝလွန်ခြင်းကိုလည်း ဟန့်တားနိုင်ပြီး အသည်းရောဂါဖြစ်မလာအောင်လည်း ကူညီပေးနိုင်ပါတယ်။ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါလို နာတာရှည်ရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ချပေးနိုင်တဲ့ အန်တီအောက်စီဒန့်ဓာတ်ပါဝင်ပါတယ်။

Ref: 5 teas that can help you live longer and reduce the risk of chronic diseases
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top