ကမ္ဘာ့သက်တမ်းအရင့်ဆုံး လူဝံအထီးကြီး သေဆုံး

26-2-2022-yyl12.jpg

ကမ္ဘာ့သက်တမ်းအရင့်ဆုံး လူဝံအထီးကြီး အော့ဇီဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က အတ္တလန္တာတိရစ္ဆာန်ရုံမှာ သေဆုံးသွားခဲ့ပါတယ်။ အော့ဇီ သေဆုံးရခြင်းအကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဆေးစစ်ချက်အဖြေ စောင့်ဆိုင်းနေတုန်းပါ။

၆၁ နှစ်ရှိတဲ့ အော့ဇီဟာ ကမ္ဘာပေါ်မှာ တတိယမြောက် သက်တမ်းအရင့်ဆုံး လူဝံဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရဖူးပါတယ်။ အဲဒီတုန်းက အော့ဇီရဲ့ ရောဂါလက္ခဏာ ပြင်းထန်ခြင်းမရှိခဲ့ပေမဲ့ သူ သေဆုံးမှုမှာ ကိုဗစ်-၁၉ ရောဂါက ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ကြာသပတေးနေ့ကစလို့ အစာသိပ်မစားတော့တဲ့ အော့ဇီဟာ မျက်နှာယောင်တာ၊ အားနည်း နုံးခွေနေတာ၊ အစားအသောက် မဝင်တော့တာ စတဲ့လက္ခဏာတွေ ပြခဲ့ပြီး ၂၄ နာရီအကြာမှာ သေသွားခဲ့တာပါ။

အော့ဇီဟာ ၁၉၈၈ ခုနှစ်က The Ford African မိုးသစ်တောပြပွဲ စတင်ဖွင့်လှစ်ချိန်မှာ အတ္တလန္တာတိရစ္ဆာန်ရုံကို ရောက်ရှိလာတဲ့ အနောက်ပိုင်းမြေနိမ့်ဒေသ လူဝံတွေအုပ်စုထဲမှာ တစ်ကောင်တည်း ကျန်ရစ်နေတဲ့ လူဝံကြီး ဖြစ်ပါတယ်။ သူဟာ ကိုယ့်သဘောနဲ့ကိုယ် သွေးပေါင်ချိန်တိုင်းတာမှု ခံယူခဲ့တဲ့ ကမ္ဘာ့ပထမဆုံးလူဝံအဖြစ်လည်း ၂၀၀၉ ခုနှစ်က မှတ်တမ်းဝင်ခဲ့ဖူးပါတယ်။

Ref: Dailymail “The world’s oldest male gorilla Ozzie dies aged 61”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top