ဗြိတိန်နိုင်ငံမှာ လူသေဆုံးစေတဲ့ ယာဉ်မတော်တဆမှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်မယ့် ဥပဒေသစ်ပြဋ္ဌာန်းဖို့အဆိုပြု

15-9-2020-yyl-006.jpg

ဗြိတိန်နိုင်ငံမှာ အရှိန်လွန်မောင်းတာ၊ ပြိုင်မောင်းတာ၊ ဖုန်းသုံးရင်း ကားမောင်းတာမျိုးတွေကြောင့် ယာဉ်မတော်တဆမှုဖြစ်ပြီး တခြားသူတွေ အသက်ဆုံးရှုံးရမယ်ဆိုရင် အဲဒီယာဉ်မောင်းကို သေဒဏ်ချမှတ်နိုင်မယ့် ဥပဒေသစ်တစ်ရပ်ကို ပြင်ဆင်ရေးဆွဲနေပါတယ်။ အဲဒီဥပဒေကြမ်းအရ အရက်သေစာနဲ့ မူးယစ်ဆေးဝါး သုံးစွဲပြီး အဆင်ခြင်မဲ့ ကားမောင်းရင်း လူသေဆုံးစေတဲ့ ယာဉ်မတော်တဆမှုဖြစ်ရင်လည်း အဲဒီယာဉ်မောင်းကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်ပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ဥပဒေအရ အထက်ပါဖော်ပြထားတဲ့ ရာဇဝတ်မှုတစ်ခုစီအတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိပဲ ချမှတ်နိုင်ပါတယ်။ အခုလအတွင်း ယာဉ်စည်းကမ်းဥပဒေ ပြောင်းလဲပြင်ဆင်ဖို့ အေဆိုပြုချက်တွေကို ထုတ်ပြန်ကြေညာခဲ့ပြီး လာမယ့်နှစ်အစောပိုင်းကျရင် လွှတ်တော်ကို အဆိုပြုတင်သွင်းမှာပါ။ အဆင်ခြင်မဲ့မောင်းနှင်မှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရစေတဲ့ဖြစ်ရပ်ကိုလည်း အပြစ်ပေးအရေးယူနိုင်ဖို့ အဆိုပြုထားပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ ဥပဒေအရ အဆင်ခြင်မဲ့ မောင်းနှင်မှုကြောင့် ဒဏ်ရာရစေတဲ့ ယာဉ်မောင်းတွေကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ဒဏ်ငွေပဲ ချမှတ်နိုင်ပါတယ်။ ယာဉ်စည်းကမ်းဥပဒေ ပြုပြင်ပြောင်းလဲမှုကို ၂၀၁၇ ခုနှစ်မှာ စတင်ကြေညာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တနင်္လာနေ့ ကြေညာချက်မှာတော့ ဥပဒေ အကျုံးဝင်လာမယ့်အချိန်ကာလကိုပါ ဖော်ပြထားပါတယ်။ ယာဉ်စည်းကမ်း ချိုးဖောက်မှုအတွက် ပြစ်ဒဏ်တိုးမြှင့်မှုတွေကို အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်နိုင်ငံတွေမှာ ကျင့်သုံးသွားမှာဖြစ်ပြီး လမ်းအန္တရာယ်ကင်းရှင်းရေးဥပဒေ သီးသန့်ရေးဆွဲကျင့်သုံးနေတဲ့ မြောက်အိုင်ယာလန်နိုင်ငံမှာတော့ ဥပဒေသစ် သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်က ဗြိတိန်နိုင်ငံမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ယာဉ်မောင်းနှင်မှုကြောင့် အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ်တွေအတွက် ပြစ်ဒဏ်ချမှတ်ခံရသူ ၁၇၄ ဦး ၊ သောက်စားမူးယစ်ပြီး အဆင်ခြင်မဲ့မောင်းနှင်မှုကြောင့် အသက်ဆုံးရှုံးမှုအတွက် ပြစ်ဒဏ်ချမှတ်ခံရသူ ၁၉ ယောက် ရှိခဲ့ပါတယ်။

Ref: BBC ” Drivers who kill others could receive life sentences under new laws”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top